Movie Name
In The Land Of Blood And Honey (2011)
Year
2011
Generes
Drama, Romance, War
Code
EN3201
Type
Movie
Size
1.18 GB
Country
Hollywood
Description
ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)