-
Movie Name
-
The Queen (2021)
-
Year
-
2021
-
Generes
-
Drama, Fantasy
-
Code
-
CN0731
-
Type
-
Movie
-
Size
-
609 MB
-
Country
-
China
-
Description
-
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက်
တရုတ်ရှေးဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ – မြေခွေးမျိုးနွယ်မှ
ဘုရင်မဖြစ်သူ အမြီးကိုးချောင်းကျိုဝေဟာ
ကံဆိုးစွာနဲ့ မေရှန်းတောင် မိစ္ဆာ ၇ ကောင်ရဲ့ ခေါင်းဆောင်
မျောက်ဝံမိစ္ဆာယွမ်ဟုန်လက်ထဲ ရောက်သွားခဲ့ပါတယ်။
ကံကောင်းစွာနဲ့ ကျန်းကျီယာရဲ့ ကယ်တင်ခြင်းခံခဲ့ရပြီး
ကျန်းကျီယာကြောင့်ပဲ အမြီးတစ်ချောင်းပြတ်သွားခဲ့ပါတယ်။
လမ်းပျောက်နေတဲ့ ကျိုဝေဟာ နွီဝါးမယ်တော်ရဲ့ လမ်းညွှန်မှုနဲ့
တာကျီရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ပြီး ရိကျိုးမြို့စားမင်းစူးဟုရဲ့
သမီးဖြစ်သွားခဲ့ပါတယ်။ တစ်နေ့မှာ ဘုရင်ကြီးကျို့ဝမ်ဟာ
ရိကျိုးကိုစစ်ခင်းရာ တာကျီဟာ ဖခင်အစား
ကိုယ်တိုင်စစ်ထွက်တိုက်ခဲ့သဖြင့် ကျို့ဝမ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
သူတို့နှစ်ယောက်သား မြစ်ဘေးမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းရာတွေကို
ပြောဆိုခဲ့ပြီး တာကျီရဲ့ အမြင်ဟာ ကျို့ဝမ်ကို လက်ခံစေခဲ့ပြီး
ကျို့ဝမ်ကလည်း သူမကို ချစ်မိသွားပါတယ်။ ထိုနေ့ညမှာပဲ
ကျို့ဝမ်ဟာ စူးဟုထံမှာ တာကျီကို လာရောက်တောင်းခံပါတယ်။
တာကျီဟာလည်း ရှန်းခေတ်ရဲ့ မိဖုရားဖြစ်သွားခဲ့ပြီး လောကရှုပ်ထွေးမယ့်
အန္တရာယ်ကြီးတစ်ခု စတင်သက်ဝင်လာခဲ့ပါတယ်။ ဒီရှုပ်ထွေးမှုတွေကို
လူ့ပြည်မှာ မင်းကောင်းမင်းမြတ်ကို ကူညီီဖို့ စေလွှတ်ခံရတဲ့
ကျန်းကျီယာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲဆိုတာကို
ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုကြရအောင်နော်။