Movie Name
The Evidence Tells (သက်မဲ့များရဲ့ မုသားမဲ့စကားသံ) (2023)
Year
2023
Generes
Thriller
Code
SC0680
Type
Series
Size
5.43 GB
Country
China
Description
1-32complete ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ အမိုက်စားစုံထောက်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရမယ်ဆိုရင်တော့... မှုခင်းဆရာဝန်မ‌လေး Gu Yu ဟာ လျှို့ဝှက်စုံစမ်းရေးမစ်ရှင်တစ်ခုအတွက် စိတ်ကျန်းမာရေးဆေးရုံကိုဖောက်ဝင်ခဲ့ရာမှာ မမျှော်လင့်ဘဲ လူသတ်မှုတစ်ခုကြောင့် မစ်ရှင်ပျက်စီးသွားခဲ့ရတဲ့အပြင် လူသတ်တရားခံအဖြစ်ပါ ‌ထောင်ချောက်ဆင်ခြင်းကိုခံခဲ့ရပါ‌သေးတယ်။ တခြားဘက်မှာတော့ ရဲအရာရှိ Bai Lu ဟာလည်း အမှုကြီးတစ်ခုကို လိုက်လံစုံစမ်းရာမှာ ကျရှုံးမှုကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် ဝမ်းနည်းပက်လက်ဖြစ်နေခဲ့ရပါတယ်။ ဒီလိုအကျပ်အတည်း ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့သူတို့နှစ်ဦးဟာ ကံတရားရဲ့စေညွှန်ရာအတိုင်းတွေ့ဆုံကြပါတော့တယ်။ ဒီလိုနဲ့ပဲ မတူညီတဲ့အကျင့်စရိုက် နဲ့ ပင်ကိုအရည်အချင်းအသီးသီးရှိကြတဲ့ အမျိုးသမီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အမှီသဟဲပြုပြီးတော့ အမှုတွေကိုအတူတူလက်တွဲဖြေရှင်းပြီး အမှန်တရားရှာပုံတော်ခန်းဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့တွဲဖက်ညီလှတဲ့ပူးပေါင်းမှုက မှော်ဆန်ဆန်ပဲမြောက်များလှစွာသောအမှုကိစ္စတွေကို ဖော်ထုတ်စေနိုင်ခဲ့ပါတယ်။ အမှုတွေနောက်ကိုလိုက်ရင်းနဲ့ တစ်နေ့မှာတော့ မတော်တဆပဲ Gu Yu ရဲ့ပျောက်ဆုံးနေတဲ့ အစ်ကိုရဲ့အကြောင်းကို ခြေရာခံမိပါတော့တယ်။ ဒါ့အပြင်လည်း သူ့ရဲ့ပျောက်ဆုံးမှုက Bai Lu ရဲ့ကောင်လေး‌သေဆုံးမှုနဲ့ပါဆက်စပ်နေတဲ့အခါ.... ဒီလိုထူးဆန်းတဲ့အမှုကိစ္စရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူကကြိုးကိုင်သူဖြစ်နေမလဲ။ အာဂအမျိုးသမီးနှစ်ဦးတို့ကရော သူတို့ရဲ့ချစ်ရတဲ့သူ‌တွေနဲ့သက်ဆိုင်နေတဲ့အမှု‌ရဲ့ အဓိကတရားခံတွေကို ဖော်ထုတ်နိုင်လေမလား ဆိုတာကိုတော့ Soulers လေးတို့က ရင်ခုန်စွာနဲ့ဆက်ပြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်‌ ။ ဇာတ်အိမ်အခိုင်အမာနဲ့ အမှုအမျိုးမျိုးကို အမိုက်စားနည်းလမ်းတွေနဲ့ဖြေရှင်းပြမဲ့ အကြမ်းစားဇာတ်ကားလေးဖြစ်တာကြောင့် လက်လွှတ်မခံဘဲကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ရှင်။