Movie Name
The Real Has Come (2023)
Year
2023
Generes
Drama, Romance
Code
SKR0876
Type
Series
Size
22.7 GB
Country
Korea
Description
1-50 complete အပိုင်းသစ် – ၅၀ (ဇာတ်သိမ်းပိုင်း) လက်မထပ်ရသေးခင်မှာ မတော်တဆ ကိုယ်၀န်ရသွားပေမဲ့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတာမို့ တစ်ကိုယ်တော်အမေအနေနဲ့ပဲ ကလေးကိုမွေးရတော့မလိုဖြစ်နေတဲ့ ‘ကိုးရီးယားဘာသာရပ် နည်းပြဆရာမလေး အိုယွန်းဒူ’ … တစ်ဖက်မှာလည်း အိမ်ထောင်မပြုချင်သူဖြစ်ပေမဲ့ သူ့အိမ်က အတင်းပေးစားတဲ့ အတွင်းရေးမှူးမလေးနဲ့ ယူရတော့မလိုဖြစ်နေတဲ့ ‘သားဖွားမီးယပ်အထူးကုဆရာ၀န်လေး ဂုံထယ်ဂယောင်း’ … ကြံရာမရတဲ့အဆုံး ယွန်းဒူနဲ့ ထယ်ဂယောင်းတို့ဟာ မကြာခင် လက်ထပ်ကြတော့မဲ့ စုံတွဲအဖြစ် ဟန်ဆောင်နေဖို့ သဘောတူညီချက်ထားလိုက်ကြပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ယွန်းဒူနဲ့ ထယ်ဂယောင်းတို့ အဆုံးအထိ နှစ်ဖက်မိသားစုအပေါ် လိမ်ညာထားနိုင်မလား? စာချုပ်စုံတွဲအဖြစ်ကနေ တကယ့်စုံတွဲအဖြစ် အဆင့်တက်သွားမလား? ဆိုတာကိုတော့ … အဓိကသရုပ်ဆောင်တွေအနေနဲ့ ဒရမ်မာတွေထဲမှာ မမြင်ရတာကြာပြီဖြစ်တဲ့ မင်းသား Ahn Jae-Hyun ၊ မင်းသမီး Baek Jin-Hee တို့နဲ့အတူ The Glory ထဲက လေယာဉ်မယ်လေး Cha Joo-Young ၊ မင်းသား Jung Eui-Jae တို့က ပါ၀င်သရုပ်ဆောင်ထားပြီး စုစုပေါင်း အပိုင်း ၅၀ ပါ၀င်သွားမှာဖြစ်ပါတယ်။ မိသားစုဒရမ်မာပီပီ အချစ်အမုန်း အငိုအရယ် ကြည်နူးမှုရသမျိုးစုံနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမဲ့ ဒရမ်မာလေးမို့လို့ အတူတူစောင့်ကြည့်ကြစို့နော်။