Movie Name
Everybody Loves Jeanne (2022)
Year
2022
Generes
Comedy, Drama, Romance
Code
EN3222
Type
Movie
Size
765 MB
Country
Hollywood
Description
~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ အတွင်းပိုင်းမှာက ဝရုန်းသုန်းကားဆန်မှုတွေ၊ မလုံမလဲမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေ၊ နောင်တတွေ၊ ရံဖန်ရံခါ သတ်သေချင်လာတဲ့ နေ့တွေ… ဒါတွေအကြောင်းပေါ့။ ဒီကားကို ခေါ်သွားတဲ့အဓိကပြဿနာက ဂျန်းရဲ့ ငွေရေးကြေးရေး ပြဿနာဆိုပေမဲ့ ကြည့်ရှုသူအနေနဲ့ အဲဒီပြဿနာကို မေ့သွားစေပြီး ဂျန်းရဲ့ ကိုယ်ပိုင်ဘဝ ဂျန်းရဲ့ စိတ်အတွင်းပိုင်းဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ပြောရရင် ပိုက်ဆံက ဂျန်းအကြောင်းကို ပိုသိရစေဖို့ အကြောင်းအရင်းလေးတစ်ခုမျှသာပါပဲ။ ဒီကားရဲ့ သာလွန်ချက်က အပေါ်မှာ ပြောခဲ့သလို ဂျန်းရဲ့ အတွင်းစိတ်ထဲကို ဝင်ခွင့်ရတဲ့အချက်ပါပဲ။ အဲဒီတော့ ဂျန်းကြားသလိုကြားရမယ် ဂျန်းမြင်သလိုမြင်ရမယ့်အပြင်ကိုမှ ဂျန်းတွေးနေတာတွေကို ဗီအိုင်ပီခုံကနေ ထိုင်ကြည့်ခွင့်ရသလိုပေါ့။ “ကျုပ်တို့အားလုံးသည် ဂျန်းများသာ” ပေါ့။