-
Movie Name
-
Stockholm (2013)
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
EN3231
-
Type
-
Movie
-
Size
-
402 MB
-
Country
-
Hollywood
-
Description
-
IMDb – 6.9/10
ဇာတ်လမ်းအညွှန်း
အလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့
တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက်
ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။
ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့
စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။
ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့
ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့်
ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။
ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာ
ဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကို
သက်သေပြဖို့လုပ်တော့တာပေါ့။
အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့
ကောင်လေးနဲ့ သူစိမ်းတစ်ယောက်ကိုအလွယ်တကူမယုံလိုက်နိုင်တဲ့
ကောင်မလေးတို့ရဲ့ စကားပြောခန်းတွေဟာ စိတ်ဝင်စားစရာဖြစ်လာပြီး
ကောင်လေးရဲ့ ပိုးပန်းမှုလေးတွေက ကြည်နူးစရာ ဖြစ်နေမှာပါ။
ဇာတ်လမ်းသဘောလေးက ပါတီပွဲကအိမ်ပြန်လာတဲ့
သူတို့နှစ်ယောက် ညသန်းခေါင်အချိန် လမ်းမထက်မှာ
စကားတောက်လျှောက်ပြောကြတဲ့ပုံစံကို
ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာမျိုးလေးဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ
ကောင်လေးက ကောင်မလေးကို အိမ်အပါခေါ်နိုင်ပါ့မလား၊
သူတို့နှစ်ယောက်ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့
စိတ်ဝင်စားစရာဖြစ်နေမှာပါ။
ရိုးရိုးရှင်းရှင်းရိုက်ကူးထားတယ်ဆိုပေမယ့်လည်း
လူငယ်တွေရဲ့ သဘာဝတွေ ရိုမန့်ဖြစ်တဲ့အချစ်တွေ
လိမ်ညာမှုတွေ ဒါတွေ စဉ်းစားကြည့်မယ်ဆိုရင်တော့
တကယ့်အကြောင်းတွေပဲဆိုတာမျိုးဖြစ်နေမှာပါ။
“ကြွေမွအက်ကွဲနေတဲ့ ဖန်ခွက်လေးတစ်ခွက်ဟာ ထိလိုက်တဲ့အခါမှာ
အစိတ်စိတ်အမွှာမွှာသာဖြစ်သွားမယ်ဆိုရင်…
ဒီဖန်ခွက်ကိုဒီအတိုင်းလေး ဆက်ရှိစေချင်သေးတယ်ဆိုရင်
မထိလိုက်ဘဲ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်မလား။
ဒီလိုဖန်ခွက်နဲ့တူတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။“
awards တွေလည်း အများကြီးသိမ်းပိုက်ခဲ့တဲ့ romance/drama
ဇာတ်လမ်းလေးကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။