Movie Name
You Are Beautiful
Year
2009
Generes
Comedy, Drama, Romance
Code
SKR0064
Type
Series
Size
8.33 GB
Country
Korea
Description
GC ပရိသတ်တွေအတွက် ဒီတစ်ခေါက်ရွေးချယ်တင်ဆက်ပေးချင်တာကတော့ ဟောင်းပေမယ့်မရိုးနိုင်တဲ့ဇာတ်လမ်းတွဲကောင်းတွေထဲကတစ်ခုဖြစ်တဲ့ You’re beautiful ဆိုတဲ့ဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးကို 2009 ခုနှစ်မှာပြသခဲ့တာဆိုတော့ ဒီနှစ်ဆိုရင် ၁၀နှစ်ရှိသွားပါပြီ။ OST songတွေကအစ အရမ်းhotဖြစ်ခဲ့ပြီး albumပထမဆုံးထွက်ရှိတဲ့၇ရက်အတွင်းမှာတင် အချပ်ရေ ၂၀၀၀၀ရောင်းချရတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒီတော့ ဇာတ်လမ်းတွဲကြည့်ပြီးရင် OSTတွေနားထောင်ဖို့လည်း မမေ့ကြနဲ့ဦးနော်။ You’re beautifulဇာတ်လမ်းတွဲလေးက Romance, comedyအမျိုးအစားဖြစ်တဲ့အပြင် musical dramaလည်းဖြစ်တာမို့လို့ ရသမျိုးစုံကိုပေးစွမ်းနိုင်မှာပါ။ ပရိသတ်အချစ်တော်များဖြစ်ကြတဲ့ Park Shin-hyeက အမွှာKo Mi-nyeo/Ko Mi-namအဖြစ်၊ Jang Keun-sukက Hwang Tae-kyungအဖြစ်၊ CNBLUE bandမှ Jung Yong-hwaက Kang Shin-wooအဖြစ်၊ F.T.Island bandမှ Lee Hong-giက Jeremyအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Hwang Tae-kyung, Kang Shin-wooနဲ့ Jeremyတို့က A.N.Jell bandရဲ့memberတွေဖြစ်ကြပါတယ်။ Ko Mi-namကတော့ A.N Entertainment auditionမှာ အောင်မြင်ခဲ့ပြီး A.N.Jell bandရဲ့ memberအသစ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Mi-namက ခွဲစိတ်မှုကိုအပြီးသတ်ဖို့ U.Sကို မဖြစ်မနေသွားရမှာပါ။ ဒါကြောင့် Mi-namရဲ့မန်နေဂျာက Mi-namရဲ့အမွှာဖြစ်သူMi-nyeoကို Mi-namအနေနဲ့ခဏတာ ဟန်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သီလရှင်ဖြစ်ချင်တဲ့Mi-nyeoက အစမှာတော့ ငြင်းဆန်နေခဲ့ပေမယ့် သူတို့မောင်နှမအောင်မြင်လာရင် သူတို့အမေကို ရှာရတာ ပိုလွယ်ကူလာမယ်လို့ယူဆတာကြောင့် Mi-namအဖြစ်ဟန်ဆောင်ဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့ Mi-nyeoက မာနကြီးသူHwang Tae-kyung, နူးညံ့အေးဆေးသူ Kang Shin-woo, ပျော်ပျော်နေတတ်သူJeremyတို့နဲ့ ဆုံတွေ့ရပါတော့တယ်။ Memberအဟောင်းတွေနဲ့ အသစ်ဖြစ်သူတို့ သဟဇာတဖြစ်ပါ့မလား။ Mi-nam အယောင်ဆောင်ထားတဲ့Mi-nyeoကို မိန်းကလေးမှန်းသိသွားရင် Memberအဖြစ် A.N.Jellက ဆက်ပြီးလက်ခံကြပါ့မလား။ Mi-nyeoကရော လျှို့ဝှက်ချက်ကို ဘယ်အချိန်ထိ ထိန်းသိမ်းတောင့်ခံထားနိုင်မှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်စီးမျောခံစားကြမယ်နော်။