Movie Name
Lucky Trouble (2011)
Year
2011
Generes
Comedy, Drama
Code
EN3242
Type
Movie
Size
722 MB
Country
Hollywood
Description
ဇာတ်ကားအမျိုးအစားက sport and romance အမျိုးအစား ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဖြန်ချီခဲ့ပါတယ်။ IMDb Rating ၆.၂ နဲ့ Phim hd 9 ရရှိထားပါတယ်။ တစ်ကားလုံးကြာချိန် ၉၇ မိနစ် ရှိပါတယ်။ရှရှားကားမို့ ရှရှား စကားပြောနဲ့ဆို တော့ နားထောင်ရတာ တစ်မျိုးတော့ဖြစ်နေပါလိမ့်မယ်။ Budget ၇.၈ မီလီယံနဲ့ရိုက်ကူးထားခဲ့ပါတယ်။ ဒီကားလေးက ထူးထူးခြားခြား Resident Evil ရဲ့ အဓီကဇာတ်ကောင် ဖြစ်တယ့်မင်းသမီး Milla Jovovich က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားက သူရဲ့ ရုရှားရုပ်ရှင် လောကထဲကို ခြေလှမ်းစချလိုက်တဲ့ဇာတ်ကား လဲဖြစ်ပါတယ်။ မင်းသားက Konstantin Khabensky ပါ သူတို့နိုင်ငံမှာတော့ သူကပြေတီဦးပေါ့ နာမည်ကြီးတာကိုပြောတာပါ။ တခြား သရုပ်ဆောင်တွေ က ရုရှား သရုပ် ဆောင်တွေ ပါဘဲ။ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ကူးထားတယ့်ဇတ်လမ်းပုံစံဖြစ်ပြီး မင်းသမီး ဖြစ်တယ့် Milla Jovovich က အရင်action ပုံစံမဟုတ်ဘဲ လုံးဝကွဲထွက်နေတဲ့ romance ပုံစံကို သရုပ်ဆောင်ထားပါတယ်။ ကြည့်ရတာ တစ်မျိုး ကြီးတော့ ဖြစ်နေမီပါတယ်။ Milla Jovovich ကဒီ ကားမှာ သူတော်တော်ကြိုးစားထားခဲ့ပြီး သူ့ရဲ့ စကားပြောတွေ ကိုလဲ သူကိုယ်တိုင် ရုရှား ဘာသာစကားနဲ့ပြောပြီးသရုပ်ဆောင်ထား တာပါ။ဒီဇာတ်ကားမှာထူးခြားချက်ကတော့ ပါဝင် သရုပ်ဆောင်ထားတယ့် မင်းသားမင်းသမီး အပါအဝင်တစ်ခြား သူတွေရဲ့ နာမည်အစစကားလုံးတွေက ရုရှား ဘာသာစကားနဲ့ဆို ရိုင်းတဲ့အသုံးအနှုန်းအသံထွက်နေတဲ့ အတွက် ဒီဇာတ်ကားရဲ့trailer တွေ ကို ရုရှား ရုပ်ရှင်ရုံတွေတော်တော်များများ ကပြသဖို့ လက်မခံခဲ့ကြပါဘူး။ ရိုင်းတာတွေဇာတ်ကားထဲမှာ လုံးဝမပါပါဘူး။ ဘောလုံးစွမ်းရည်ပြကွက်တွေ ကို အဓီကထားရိုက်ထားတာဖြစ်တဲ့အတွက် ဘောလုံးဝါသနာပါတယ့် သူတွေ အတွက်အားရစရာ ၊ ကန်ကွက်အသစ်အစမ်းတွေတွေ့ရမှာပါ။ ရုရှားရဲ့ လူမှုပတ်ဝန်းကျင် ပြုမှုနေထိုင်ပုံတွေ ကိုတွေ့ရမှာပါ။ ရုပ်ရှင် တစ်ကားမှာရိုက်ကူးတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှု ၊ လူမှုပတ်ဝန်းကျင် ၊ သူတို့လူတွေ ဘယ်လိုသဘောထားရှိကြလဲ ဆိုတာ ကိုအကြမ်းဖျင်းကြည့်လို့ရတက်ပါတယ်။ ဒီဇာတ်ကားရဲ့ဇတ်အိမ်နဲ့ ဇာတ်လမ်းတည် ဆောက်ထားပုံက ပေ့ါပေါ့ပါးပါးနဲ့ ဟာသကား ဆန်ဆန်ဘက်ကိုသွားထားပါတယ်။ ဒီဇာတ်ကား ကိုကြည့်ရတာ မနက်၁၁ နာရီလောက်အပြင် သွားဖို့ အိမ်ကထွက် လာတဲ့ ခံစားချက်လို ရှင်းရှင်းလင်းလင်းနဲ့ လန်းလန်းဆန်းဆန်းနဲ့ ပူပူ လောင်လောင် လိုမျိုးခံစားရပါတယ်။ ကျောင်းဆရာတစ်ယောက်နဲ့ လမ်းပေါ်က ပါရမီ ရှိပြီးလေလွင့်နေတဲ့ ကလေးတွေရဲ့ အကြောင်းလေးကို အမြင်ဆန်းဆန်းနဲ့ ကြည့်ရ တာ အားရအောင်ရိုက်ကူးထားတာလေးက တော်တော်လေးသဘောကျစရာပါ။ လေလွင့်နေတဲ့ ကလေးတွေ အလစ်သုတ်တဲ့ ဇာတ်ကွက်လေးတွေတော်တော်လေးကြည့် ကောင်းပြီး ဒီဇာတ်ကွက်တွေကြောင့်ဘဲ ဒီကား က ထင်ကျန်နေခဲ့တာပါ။ နောက်ထပ် ဒီဇာတ်ကားရဲ့ အဓီက ပြကွက် ကတော့ ဘောလုံးပွဲမှာ ဘောလုံးကစားသွားပုံ တွေပါဘဲ စတီဗင်ချောင် ဘောလုံးကန်သလို ကန်ချက်အလန်းကြီးတွေ ကစားပုံ အဆန်းကြီး တွေ နဲ့ မိုက်ချက်ပါဘဲ။ ဒီဇာတ်ကားမှာမြင်မိတာလေးက ဇာတ်ကွက် တိုင်းလိုလိုမှာ ဇာတ်ကောင်ကို ဘဲ အသားပေး ပြီး ကင်မရာမှာထင်းနေအောင်ရိုက်ပြထားပါတယ်။ ကျွန်တော် သဘောကျတဲ့ ဇာတ်ကွက်က ကျောင်းဆရာ hero လုပ်ပြီး ဗီလိန် တွေဆီက တိတ်ခွေသွားယူတဲ့ အခန်းမှာ ဗီလိန်တွေ လက် ထဲ ကိခနဲမီသွားတော့ ကုတ်ကုတ်လေးထိုင် နေတဲ့ ကျောင်းဆရာကို နားရွှက် ဆွဲပြီးခေါ်သွား တဲ့ အချိန်မှာ ကျောင်းဆရာ့ဖြစ်နေတဲ့ လက်ကား ရားခြေကားရား နဲ့ နာလွန်း လို့အော်တဲ့ ညောင်နာနာ(အသံဝင်နေတုန်းမရမက ဖြဲအော် တဲ့အခါ အသံလေး ဇီးသီးလောက်ထွက်လာတဲ့) အသံ ထွက်ပြီး သရုပ်ဆောင် ထားတာလေးကြည့်ရတာပေါတောတော ပေမယ့် သဘောကျမိပါတယ်။ ဒီဇာတ်လမ်းက နည်းနည်းover actingလို ဖြစ်နေတယ်လို့ခံစားရပါတယ်။ဒါပေမယ့် ဟာသ ဇာတ်လမ်း ဆိုတော့ ကြည့်လို့တော့ကောင်း တယ်။ မင်းသားရုပ်ကလဲ ကျော်ထူးလိုလို Mr Bean လိုလိုနဲ့ ဇာတ်လမ်းနဲ့ လည်းလိုက်ပါတယ်။ ဇာတ်ကောင်တွေ ရဲ့နာမည်တွေက မြန်မာ အသံထွက်ဆိုရင် အဆန်းကြီးနဲ့ တွေ ဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ပေါ့ပေါ့ပါးပါးပေမယ် ကံမကောင်းအကြောင်းမလှလို့ ဗုဒ္ဓဘာသာ အရတွေးရင် အရင်ဘဝက အကုသိုလ်လုပ်ခဲ့ လို့ မိဘစွန့်ပစ်ခံရပြီး လေလွင့်နေတဲ့ ကလေး တွေမှာလဲ ကိန်းအောင်းနေတဲ့အစွမ်းတွေရှိ ကြောင်းနဲ့ သူတို့ ကို ပဲ့ကိုင်ပေးလိုက်ရင် သူတို့လဲ ရွှံ့နွံထဲက ပတ္တမြားလိုတန်ဖိုးရှိ ကြောင်းကို မသိမသာမြင်လိုက်ရပါတယ်။ ဒီကားက ဘောလုံးစွမ်းရည်ပြတယ့် ကားဆိုလဲ မမှားပါဘူး ။ Milla Jovovich ရဲ့လုံးဝခြားနားတယ့် အသွင်ပြင်သရုပ်ဆောင်ပုံကို တွေ့ရမှာပါ။ သူ နဲ့ ဒီဇာတ်ရုပ်မလိုက်ဘူးလို့တော့ခံစားမိပါတယ်။ သို ပေမယ့် လူတစ်ယောက်အကြိုက်တစ်မျိုးဆိုတော့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ မကောင်းတယ့်အထဲတော့ မပါ ပါဘူး။ ကျွန်တော် HLK ပါ။