-
Movie Name
-
Landscape With Invisible Hand (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Sci-Fi
-
Code
-
EN3252
-
Type
-
Movie
-
Size
-
861 MB
-
Country
-
Hollywood
-
Description
-
လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်း
ပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲ
မတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့
ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံ
အတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေက
ဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်
ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာ
ဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေက
ချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်း
မွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့
ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာ
နေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာ
အိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့
အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့
တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ
သူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်
အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေ
လာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့
စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။