Movie Name
Count (2023)
Year
2023
Generes
Drama
Code
KR0439
Type
Movie
Size
844 MB
Country
Korea
Description
ကစားသမားတွေက နှစ်ခါသေဆုံးကြပါတယ်တဲ့။ လက်ဝှေ့သမားဟောင်း ဘတ်ရှီဟွန်းကတာ့ သေဆုံးမှုနှစ်ခုစလုံးကို တွေ့ကြုံပြီးပြီပဲဖြစ်ပါတယ်။ ပထမတစ်ခါကတော့ ၁၉၈၈ အိုလံပစ်မှာ အငြင်းပွားစရာ ရွှေတံဆိပ်ဆုကို ရခဲ့တုန်းကဖြစ်ပြီးတော့ ဒုတိယတစ်ခါကတော့ အဲဒီရွှေတံဆိပ်ဆုကြောင့်ပဲ သူရဲ့အားကစားသမားဘဝ ဂုဏ်သိက္ခာမဲ့စွာ အဆုံးသတ်ခဲ့ရတုန်းကပဲဖြစ်ပါတယ်။ အခုကတော့ သူ့ရဲ့တတိယဘဝအဖြစ် နယ်မြို့လေးမှာ ကျောင်းဆရာလုပ်နေပြီးတော့ ကျောင်းရဲ့လက်ဝှေ့အသင်းကို နည်းပြလုပ်ပေးဖို့ ကျောင်းအုပ်ကြီးဆီက နားပူနာဆာအလုပ်ခံနေရတာပဲဖြစ်ပါတယ်။ အစကတော့ ဝန်လေးနေခဲ့ပေမဲ့ စတားဖြစ်ဖို့ အလားအလာရှိတဲ့ လက်ဝှေ့သမား ယွန်းဝူကိုတွေ့ပြီးတော့ အသင်းကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ရှီဟွန်းနဲ့ သူရဲ့အနိုင်ကျင့်ခံ အသင်းလေးဟာ ချန်ပီယံအစစ်အမှန်ကဘာလဲဆိုတာကို ပြသဖို့အတွက် ကြိုးစားကြပါတော့တယ်။ ဒီကားလေးက တောင်ကိုရီးယားရဲ့ လက်ဝှေ့ကစားသမား ဘတ်ရှီဟွန်းရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပြီး ကြည့်ရမယ့် comedy, sport movie အမျိုးအစားပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ Jin Sun Kyu, Oh Nara, Ko Chang Seok တို့ပါဝင်ထားပြီးတော့ မင်းသားအငယ်လေးတွေကလည်း သရုပ်ဆောင်ကောင်းတာမို့လို့ CM fan တို့အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။