Movie Name
Blood Punch (2014)
Year
2014
Generes
Horror, Thriller
Code
EN3269
Type
Movie
Size
787 MB
Country
Hollywood
Description
ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ​ပြောရမယ့်ကားမျိုးပါ။ ​သွေးသဲရဲရဲဇာတ်ဝင်ခန်း​တွေ အ​တော်​လေးပါသလို အ​ပြောအဆို အ​တော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြု​ပေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်း​ပေမယ့် ​​ကျောင်းဓါတ်ခွဲခန်းမှာ ​ဆေးချက်မိလို့ ​ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်​ယောက် မူးယစ်​ဆေးနဲ့ ကံမကုန်ချင်​တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ​ ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂​​​ယောက်နဲ့ ကြုံခဲ့ရပါတယ်။ ဆေးချက်ရမယ့်​ နေရာ​ရောက်​တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့​ဆေး ၈၅​ပေါင်ကို တစ်ဦးတည်း​မောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့ မီလ်တန်​ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့ အဲဒီ​နေ့အပြီး ​နောက်တစ်​နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်​ယောက် အသက်ရှင်​နေ​သေးသလို သူတို့ ကြုံ​တွေ့​နေရတာ​တွေက မ​နေ့က ဖြစ်ခဲ့တဲ့အရာ​တွေအတိုင်း Deja vuလိုဖြစ်​နေတာမျိုး ကြုံလိုက်ရ ပါတယ်။ အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး ​နောက်​နေ့ကူး​သွားလည်း သူက ပြန်အသက်ရှင်​နေ​သေးသလို ဖြစ်ပြီးသားကိစ္စ​တွေပဲ ထပ်တလဲလဲ ပြန်ဖြစ်​နေလို့ မီလ်တန်နဲ့ စကိုင်လာတို့ ၂​ ယောက် သူတို့ရဲ့ စိတ်​ကပဲ လှည့်စား​​နေတာလား၊ တကယ်ပဲ အချိန်​သံသရာထဲ ၂​ယောက်လုံး ​​ရောက်​နေတာလား အ​ဖြေရှာဖို့ ဖြစ်လာပါ​တော့တယ်။ ​နောက်ဆုံး အဲဒီအချိန်​ကျော့ကွင်းထဲ လွတ်​မြောက်နည်းကို ရှာ​တွေ့သွားမလား၊ ဘယ်သူလွတ်​မြောက်သွားမှာလဲဆိုတာ ​ကြည့်ရှုရမှာပါ။