Movie Name
A Time Called You(2023)
Year
2023
Generes
Fantasy, Romance, Thriller
Code
SKR0878
Type
Series
Size
3.69 GB
Country
Korea
Description
A Time Called You(2023) အပိုင်း(၁ မှ ၁၂) စ/ဆုံး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသား Ahn Hyo Seop နဲ့ မင်းသမီး​ချော​လေး Jeon Yeo Been တို့က အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Netflix က​နေ 12 ပိုင်းလုံး တစ်ပြိုက်နက် ပြသမည့် ဇာတ်ကား​လေးကို တစ်ဝကြီး ကြည့်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​တော့ ဂျွန်ဟီးဆိုတဲ့ ​ကောင်မ​လေးက 2023 ခုနှစ်မှာ သူမ ချစ်ရတဲ့ ယွန်းဂျွန်ဆိုတဲ့​ကောင်​လေးကို ဆုံးရှုံးရပြီး​နောက် ​ဖြေမဆည်နိုင်ဘဲ သူမ​ကောင်​လေးကိုပဲ အမြဲတမ်း လွမ်းဆွတ်​တမ်းတ​နေတဲ့​ကောင်မ​လေးပါ။ တစ်​နေ့မှာ ဂျွန်ဟီးက အချိန်ခရီးသွားပြီး 1998 ကို အထက်တန်း​ကျောင်းသူ ကွမ်မင်းဂျွန်အဖြစ်နဲ့ ​​ ရောက်ရှိသွားပါ​တော့တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့​ကောင်​လေးနဲ့ အရမ်းတူတဲ့ အထက်တန်း​ကျောင်းသား နမ်ရှီဟွန်းကို သူမ ​တွေ့ဆုံလိုက်ရတဲ့အခါ… ဒါ​​ပေမဲ့ အဲဒီအချိန်မှာပဲ ရှီဟွန်းရဲ့ သူငယ်ချင်း ​ဂျောင်အင်ဂယူကလည်း မင်းဂျွန်ကို သ​ဘောကျ​​​နေပြန်တဲ့အခါ… ဒီအထက်တန်း​ကျောင်းသား လူငယ်၃​ယောက်ရဲ့ အချစ်ဇာတ်လမ်း​လေးက ဘာဆက်ဖြစ်မလဲ။ ဂျူဟီးက​​ရော သူမချစ်သူနဲ့ အရမ်းတူတဲ့ ​ကောင်​လေးနဲ့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို အချစ်၊အလွမ်း၊အ​ဆွေး တို့နဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ​ကား​လေးပါ။ အဲဒီအပြင် ဒီကား​လေးက နာမည်ကြီး Taiwan ဇာတ်ကားဖြစ်တဲ့ ” Someday or Oneday ” ကားကို ပြန်လည်အသက်သွင်းထားတာမို့ တစ်ရှုးဘူး​လေး ​ဘေးနား​ယူထားပြီး ကြည့်ရမယ့် ကား​လေးပါ 🥺 အညွှန်းကို Htoo Htoo Aung မှရေးသားပေးထားပါတယ်….