-
Movie Name
-
Barbie In A Mermaid Tale (2010)
-
Year
-
2010
-
Generes
-
Animation, Family
-
Code
-
AN0624
-
Type
-
Movie
-
Size
-
985 MB
-
Country
-
Hollywood
-
Description
-
IMDb Rating – 6.3/10
Barbie in a mermaid tale ဆိုရင်တော့ Barbie fan မှန်ရင် အများကြီး
ညွှန်းနေစရာမလိုမယ့် ကားကောင်းလေးပါနော်။ ၂၀၁၀ ထွက် Barbie
Movie တွေထဲမှာမှ Fan တွေ အရူးအမူးဖြစ်ခဲ့ရတဲ့ ဇာတ်ကားဆိုရင်လည်း
မမှားပါဘူး။ ကြည့်ဖူးသူတော်တော်များများကို ဆံပင်အရောင်ပြောင်းချင်စေ
ခဲ့တဲ့ လွှမ်းမိုးမှုအကောင်းဆုံးဇာတ်လမ်းလေးကတော့ …
Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော်
ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီး
တဲ့ Stunt တွေလှလွန်းလို့ “Queen of the waves” လို့တောင် တင်စားရတဲ့
ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ်
ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ
လှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။
ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့
စတန့်ကွက်တွေကနေ ရေစင်တာနဲ့အမျှ တဖြည်းဖြည်းပန်းရောင်ပြောင်းလာတဲ့
Merliah ဆံပင်တွေဖြစ်သွားပါတော့တယ်။
နာမည်လည်းကြီး Hightlight လည်း အလကားဖောက်လိုက်ရသလို ဖြစ်သွား
ပေမယ့် Merliah ပျော်မနေခဲ့ပါဘူး။ ဆံပင်တင်ဆန်းတာမဟုတ်ဘဲ ခန္ဓာကိုယ်
ကပါ တမူထူးပြီး ရေအောက်ထဲမှာ အသက်ရှူနိုင်နေတဲ့အပြင် လင်းပိုင်တစ်ကောင်
ကပါ စကားလာပြောသွားလို့ပါပဲ။ လူထူးလူဆန်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေ
နာမည်မကြီးချင်လို့ အဘိုးလုပ်သူကို မေးကြည့်လိုက်တဲ့အခါမှာတော့ ဘဝရဲ့အကြီး
မားဆုံး Surprise နဲ့ ကြုံလိုက်ရပါတော့တယ်။ ဒီကားလေးက Barbie in a Fashion
Fairytale နဲ့ တစ်နှစ်တည်းထွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့အဆက်ဖြစ်တဲ့ Movie ကတော့
၂၀၁၁ မှာထွက်ရှိခဲ့ပြီး CM ကနေလည်း ဆက်လက်ဘာသာပြန်တင်ဆက်ပေးသွားဦး
မှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။