Movie Name
El Conde (2023)
Year
2023
Generes
Comedy, Fantasy, Historical
Code
EN3299
Type
Movie
Size
870 MB
Country
Hollywood
Description
IMDb – 6.6/10, Rotten Tomatoes – 83% ~ ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။ သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ နတ်ဆိုး၀င်နေတာကို နှင်ဖို့ ဘုရားကျောင်းက ကာမန်ဆိုတဲ့ သီလရှင်ကို စာရင်းကိုင်အယောင်ဆောင်ပြီး လွှတ်လိုက်ပါတယ်။ ကာမန်က ဗိုလ်ချုပ်ကြီးအိမ်မှာ သူ့ရဲ့နှစ်ကာလကြာရှည် ဝှက်ထားခဲ့တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ စာချုပ်တွေ ဘဏ်အကောင့်တွေကို ဘာသာပြန်ပေးရင်း ဗိုလ်ချုပ်ကြီးသားသမီးတွေဆီကနေ သူတို့ရဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ အာဏာရှင်လုပ်ရပ်တွေ အားလုံး သိသွားတဲ့အခါ… သားသမီးတွေကလည်း ကာမန်အယောင်ဆောင်လာတာသိပြီးရှင်းဖို့ လုပ်တဲ့အခါ… ဒီအရှုပ်အထွေးတွေထဲ ဘယ်သူတွေစတေးခံရပြီး ဘယ်သူတွေကျန်ရစ်မလဲ… တစ်ချိန်က အင်္ဂလန်၀န်ကြီးချုပ် မာဂရက်သက်ချာကိုပါထည့်ထားတဲ့ Satire အဖြူအမည်းရုပ်ရှင်အဖြစ် ခွီလည်းခွီရ လန့်လည်းလန့်ရ‌စေမှာပါ။