Movie Name
Antigang La Releve (2023)
Year
2023
Generes
Action, Drama
Code
EN3304
Type
Movie
Size
820 MB
Country
Hollywood
Description
IMDb 5.4 ရရှိထားတဲ့ပြင်သစ် အက်ရှင်ကားတစ်ကားဖြစ်ပြီး အရမ်းမကြမ်းပေမဲ့ ဟာသတွေနဲ့ပေါ့ပေါ့ပါးပါ့းကြည့်လို့ကောင်းပါတယ် ဇာတ်လမ်းအကျဉ်း….. Niels ဟာအထူးရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဓားပြမှုတစ်ခုကိုလိုက်ရင်း မတော်တဆသူ့မိန်းမကိုဆုံးရှုံးခဲ့ရပါတယ် အသဲကွဲသွားတဲ့ Niels ဟာ ရဲတပ်ဖွဲထဲကနေထွက်ပြီး ပုံမှန်မထင်မရှားဘဝလေးမှာပဲ သမီးဖြစ်သူနဲ့နေထိုင်နေခဲ့ပါတယ် သူ့စိတ်ထဲမှာတော့ မိန်းမအတွက်အမြဲလက်စားချေဖို့တွေးနေပေမဲ့ သူပြောတဲ့အချက်အလက်တွေ သတင်းတွေနဲ့ပတ်သက်ပြီး ဘာအစအနမှရှာလို့မရတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကိုမယုံကြတော့ပါဘူး တစ်နေ့မှာတော့ ရုတ်တရက်ကြည့်လိုက်မိတဲ့သတင်းတစ်ခုက သူလက်စားချေဖို့စောင့်နေတဲ့ရန်သူနဲ့ပတ်သက်နေမှန်း သတိထားမိသွားပါတော့တယ် ရဲနဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက သူပြောတာကိုမယုံကြတာကြောင့် သူ့တစ်ယောက်ထဲစုံစမ်းဖို့ဆုံးဖြတ်လိုက်ပေမဲ့ အလွတ်မပေးတဲ့သမီးကြောင့် နှစ်ယောက်ပေါင်းပြီးစုံစမ်းဖို့ဖြစ်သွားပါတော့တယ် သူတို့သားအဖနှစ်ယောက်သား လူဆိုးဂိုဏ်းကိုလိုက်စုံစမ်းရင်း ချစ်ရတဲ့ ဇနီးနဲ့အမေအတွက် ဘယ်လိုလက်စားချေကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ