Movie Name
Tokyo Ghoul [2017]
Year
2017
Generes
Action, Drama, Horror
Code
JP0180
Type
Movie
Size
948 MB
Country
Japan
Description
ဟိုးအရင်တုန်းကတည်းကတိုကျိူမြို့ရဲ့လူတွေကြားထဲမှာဂိုးဆိုတဲ့သတ္တဝါဆန်းတွေနေထိုင်ခဲ့ကြတယ် သူတို့ဟာဘယ်လိုသတ္တဝါမျိူးလဲလို့ပြောရရင်တော့သူတို့အသက်ရှင်သန်ဖို့လူသားတွေကိုစားသောက်ရတဲ့သတ္တဝါဆန်းတွေပါပဲ သူတို့ဟာနေ့ခင်းဘက်မှာသာမန်လူတွေလိုသွားလာနေထိုင်ပြီးညဖက်ရောက်တဲ့ခါကျမှသာသူတို့စောင့်ကြည့်နေတဲ့လူသားကိုအမဲလိုက်ပြီးစားသောက်တတ်ကြပါတယ် တစ်နေ့မှာကနဲခိဆိုတဲ့လူငယ်လေးတစ်ယောက်ဟာသူချစ်မိနေတဲ့ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါထိုမိန်းကလေးဟာသာမန်လူမဟုတ်ဘဲလူသားစားဂိုးဖြစ်နေသောအခါကနဲခိဘယ်လိုလွတ်အောင်ထွက်ပြေးမလဲ ကံကောင်းထောက်မစွာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့လည်းရရှိတဲ့ဒဏ်ရာတွေကြောင့်ကနဲခိတစ်ယောက်လူတစ်ဝက်မိစ္ဆာတစ်ဖြစ်လဲဂိုးအဖြစ်ကိုရောက်ရှိသွားတဲ့အခါမှာသူဘယ်လိုဖြတ်ကျော်မလဲ ရိုးသားတဲ့ကနဲခိတစ်ယောက်ဗိုက်ဆာလာတဲ့အချိန်မှာကောလူသားတွေကိုသတ်ဖြတ်စားသောက်မှာလား ဂိုးတွေရဲ့ဘဝကိုစာနာပြီးဂိုးအဖွဲ့ဝင်ဖြစ်သွားတဲ့ကနဲခိတစ်ယောက်ဂိုးတွေကိုသတ်ဖြတ်နေတဲ့လူသားနစ်ဦးကိုဘယ်လိုတားဆီးမလဲ လူသားတွေနဲ့ဂိုးတွေကြားကကံကြမ္မာကကောဘယ်လိုဖြစ်လာမလဲ ဒီဇတ်ကားလေးဟာလက်ရှိဂျပန်မှာအောင်မြင်နေတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် မန်းဂကိုပြန်လည်အသက်သွင်းထားပြီးတမူထူးခြားစွာပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ် အက်ရှင်ခန်းတွေထူးဆန်းတဲ့လူသားစားသတ္တဝါအကြောင်းတွေကိုအကျအနရိုက်ကူးထားတဲ့ဒီဇတ်ကားဟာအလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါလို့ပြောကြားရင်းဒေါင်းလော့ဆွဲပြီးသာကြည့်ကြပါေ