Movie Name
Robots (2005)
Year
2005
Generes
Animation
Code
AN0628
Type
Movie
Size
0.99 GB
Country
Hollywood
Description
တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။