-
Movie Name
-
Shanghai Bund The Righteous Way Of The Wind And Cloud (2023)
-
Year
-
2023
-
Generes
-
Action, Crime
-
Code
-
CN0742
-
Type
-
Movie
-
Size
-
1.19 GB
-
Country
-
China
-
Description
-
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Right Way ရုပ်ရှင်ကားဟာဆိုရင်
90’s ခုနှစ်တွေအတွင်း တရုတ်ပြည်တွင်းကို ဂျပန်လူမျိုးတွေ
ဘိန်းတွေမှောင်ခိုတင်သွင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ။
ရှန့်ဟိုင်မြို့မှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အခြာကျတဲ့ ဆိပ်ကမ်းတွေကို
ခွဲဝေယူထားကြတဲ့ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရှိပြီး တစ်ဂိုဏ်းကိုတော့
ကျန့်ယိုတောက်လို့ခေါ်တဲ့ ခေါင်းဆောင်ကဦးဆောင်ပြီး
နောက်တစ်ဂိုဏ်းကိုတော့ ချန်ထျန်းဝေလို့ခေါ်တဲ့ခေါင်းဆောင်ကဦးဆောင်ပါတယ် ။
ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကအမြဲတမ်းမတည့်ကြပါဘူး ။
မတည့်ရတဲ့အကြောင်းအရင်းကတော့ ကျန့်ယိုတောက်က
မျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ပြီးတော့ ပြည်တွင်းကို ဂျပန်တွေဘိန်းတွေ
မှောင်ခိုကူးနေတာကို အလွန်ကိုမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့သူတစ်ဦးဖြစ်ပြီး
ချန်ထျန်းဝေကတော့သူနဲ့ပြောင်းပြန် ဂျပန်တွေဘိန်းမှောင်ခိုကူးတာကို ကူညီပေးနေလို့ပဲဖြစ်ပါတယ် ။
ကျန့်ယိုတောက်တစ်ယောက် ဘိန်းမှောင်ခိုကူးတာကို ဘယ်လိုတားမြစ်မလဲ ,
အဲ့အချိန် တရုတ်အစိုးရကရော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့သူ့ကိုကူညီပါ့မလား ,
ထိုခေတ်ထိုအခါက တရုတ်ပြည်တွင်းမှာ ဂျပန်တွေဘယ်လိုဆိုးယုတ်ခဲ့သလဲဆိုတာကို
ဒရမ်မာဆန်ဆန် ၊ ဇာတ်လမ်းဇာတ်ကွက်အပြည့်အစုံ ၊ အက်ရှင်အလန်းစားတွေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ။
ဇာတ်လမ်းက ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့
ဝါရင့်မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတာမို့ မကောင်းမှာတော့မပူရဘူးဆိုတော့
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ပေးကြပါအုံးရှင် ။