Movie Name
The Duchess (2008)
Year
2008
Generes
Biography, Drama
Code
EN3341
Type
Movie
Size
746 MB
Country
Hollywood
Description
Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ် မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့ လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင် ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့ အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့ မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင် Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။ ဇာတ်လမ်းအကျဉ်း‌အနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့် သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့ ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်း‌တစ်ကားပဲဖြစ်ပါတယ်။