-
Movie Name
-
The Black Book (2023)
-
Year
-
2023
-
Generes
-
Thriller
-
Code
-
EN3342
-
Type
-
Movie
-
Size
-
890 MB
-
Country
-
Hollywood
-
Description
-
ဟောလီးဝုဒ်တွေ ဘောလီးဝုဒ်တွေနာမည်ကြီးနေတဲ့အချိန်မှာ
နောလီးဝုဒ်လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တွေကလည်းအဆင့်မြင့်လာပြီးတော့
ဘောင်ဝင်တန်းဝင်လာကြပါပြီ။
အခုလဲ Netflix တန်းဝင် The Black Book လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်
တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေဆိုတာကနိုင်ငံတိုင်း
နေရာတိုင်းမှာရှိနေကြပါတယ်။အဲ့ဒီထဲမှာနိုက်ဂျီးရီးယားအစိုးရလဲအပါအဝင်ဖြစ်ပြီး
အဲ့လိုအကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်နေတဲ့လူတွေလည်းရှိကြပါတယ်။
တစ်နေ့မှာတော့ အဲ့လိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှာလုပ်ကိုင်နေတဲ့
ပါမောက္ခခရေ့ဂျ်ရဲ့ မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပြီး သူ့ကိုနှုတ်ထွက်ဖို့ အကြပ်ကိုင်
ခဲ့ပါတော့တယ်။ပြီးတော့ ပြန်ပေးသမားတွေက သူတို့လိုချင်တာရပြီးသွားတဲ့အခါမှာ
အဲ့ဒီအမှုကို ပိတ်သိမ်းဖို့အတွက် ကောင်လေးတစ်ယောက်ကိုသတ်ပြီးတော့
အပြစ်ပုံချလိုက်ပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီကောင်လေးရဲ့အဖေက
နယ်နယ်ရရမဟုတ်ပဲ သွားမထိသင့်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
သားဖြစ်သူမတရားသေဆုံးရခြင်းအတွက် အဖေတစ်ယောက်အနေနဲ့
တရားမျှတမှုကိုရှာဖွေပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။