Movie Name
Mafia Lamsing (မာဖီးယားချစ်သူ) (2023)
Year
2023
Generes
Drama, Romance
Code
ST0815
Type
Series
Size
12.9 GB
Country
Thai
Description
1-30 COMPLETED ဇာတ်လမ်းအကျဥ်း💕💕 မာဖီးယားဂိုဏ်းခေါင်းဆောင် "မာဝင်" ဟာ အဖိုးကိုကတိပေးခဲ့အတိုင်း "နဂါးနီ" အဖွဲ့ကို ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စတွေကနေရှောင်ရှားပြီး စီးပွားရေးကိုတိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။ တစ်ညမှာ "မာဝင်" ဟာ ရန်သူရဲ့စေခိုင်းချက်ကြောင့် အသက်အန္တရာယ်ဘေးကြုံလာရတဲ့အချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်ဆိုးကြောင့် လူသတ်သမားအဖြစ်စွပ်စွဲခံရပြီး ဂိုဏ်းခေါင်းဆောင်ရာထူးက ဆင်းပေးရဖို့ဖြစ်ခဲ့ပါတယ်။ တက်သစ်စအဆိုတော်မလေး "ဖွန်ထစ်" ဟာ အစ်ကိုဖြစ်သူနဲ့ အတူတူနေထိုင်ပြီး ကြိုးစားရုန်းကန်လာခဲ့ရာမှ ကြောက်မက်ဖွယ်ဖြစ်ရပ်ကြောင့် စတိတ်စင်ပေါ်မှာတင် အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစလို့သူမဘဝမှာ သီချင်းဆိုဖို့ကို ကြောက်ရွံ့သွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုဟာ မာဖီးယားဂိုဏ်းရဲ့လက်ချက်ကြောင့်လို့ မှတ်ယူထားခဲ့တဲ့သူမဟာ ရာထူးကထုတ်ပယ်ခံလာရတဲ့ "မာဝင်" နဲ့ တွေ့ဆုံရတဲ့အခါမှာတော့ .... ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်နဲ့ "ဖွန်ထစ်" တစ်ယောက် "မာဝင်" ကို လက်ခံပေးနိုင်ပါ့မလား .... "မာဝင်" ကရော ကိုယ့်ကိုလုပ်ကြံဖို့ကြိုးစားတဲ့သူကိုဖော်ထုတ်ပြီး "နဂါးနီ" အဖွဲ့ကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ခေါ်လာနိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရမှာဖြစ်ပါတယ်။