-
Movie Name
-
ပဟေဠိကျောင်းတော် (Enigma Series) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0817
-
Type
-
Series
-
Size
-
1.48 GB
-
Country
-
Thai
-
Description
-
1-4 COMPLETED
2gether ထဲက Tineလို့သိထားကြတဲ့ Win Metawinနဲ့ The Gifted ထဲကမင်းသမီးလေး Chanikarn တို့ရဲ့ F4 Thailand အပြီးမှာ ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံမှုဖြစ်တဲ့ Enigma စီရီးလေးလာပါပြီ။ Horror, Thriller, Mystery ချစ်ပရိသတ်တွေရော ခိုခိုဝင်းကိုအားပေးမယ့်လူတွေရော Ash Channel မှာ Ongoing တင်ဆက်ပေးမှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦး။
ဇာတ်လမ်းအကျဥ္း💕💕
ဖာဆိုတဲ့ကောင်မလေးဟာ ပညာရေးမှာရှေ့ဆုံးကပြေးနေတဲ့ နာမည်ကြီးကျောင်းက ကျောင်းသူလေးပေါ့။ ထိပ်သီးကျောင်းက ကျောင်းသားတွေပီပီ စာမှစာ တစ်နေ့တစ်နေ့စာပဲလုပ်ဖို့စွဲလမ်းနေတဲ့ စာကလေးတွေပေါ့။ ဒီကျောင်းသားတွေထဲမှာ ဖာလည်းအပါအဝင်ပါပဲ။
စွဲလမ်းခြင်းရဲ့နောက်ဆက်တွဲက ရူးသွပ်မှုဆိုတဲ့အတိုင်းပဲ တစ်နေ့မှာ ကျောင်းသားတစ်ယောက်က ဆရာတစ်ယောက်ကို ဓားထိုးမှုဖြစ်လာပါတော့တယ်။ ကျောင်းဘက်ကတော့ ဒါကိုစိတ်ဖိစီးမှုကြောင့်လို့ ရမယ်ရှာနေပေမဲ့ ဖာတစ်ယောက်ကတော့ ကိုယ်တိုင်ထူးဆန်းတာတွေကို ခံစားမိနေတဲ့အတွက် မယုံကြည်ပါဘူး။
ဒီလိုနဲ့ ထူးခြားတဲ့ဖြစ်ရပ်တွေကို ဆက်စပ်စုံစမ်းရင်းနဲ့ဒီအဖြစ်အပျက်အားလုံးဟာ လျှို့ဝှက်တဲ့ဆရာအသစ်တစ်ယောက်ဖြစ်တဲ့ အာဂျင်နဲ့ ဆက်စပ်နေမှန်း သိလိုက်ရတဲ့အခါ....
ကိုးယိုးကားယားပုံစံနဲ့ ဆရာအာဂျင်ရဲ့သရုပ်မှန်က အပေါ်ယံမြင်နေရတဲ့သူ့ပုံစံလို ရိုးရှင်းပါ့မလား။
စုံစမ်းရင်းနဲ့ ဒီကိစ္စတွေထဲမှာ နက်နက်ရှိုင်းရှိုင်းပတ်သက်မိလာတဲ့ဖာတစ်ယောက်ရော ဒီအရှုပ်ထဲက ရုန်းထွက်နိုင်ပါ့မလား။
ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေက သူ့ကိုစောင့်ကြိုနေမလဲဆိုတာကို ashနဲ့တူတူ သည်းထိတ်ရင်ဖိုစွာနဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါ