Movie Name
Snow Flake Dragon (နှင်းနဂါးသိုင်း) (2003)
Year
2023
Generes
Drama, Historical
Code
SC0691
Type
Series
Size
15 GB
Country
China
Description
တချိန်က နာမည်ကြီးခဲ့တဲ့ နှင်းနဂါးသိုင်း ဇာတ်လမ်းတွဲပဲဖြစ်ပါတယ် မှတ်မိကြဦးမလား နဂါးမယ်တို သရဲငိုဓါးသမား နဲ့ ဆေးဆရာ စိုင်းဟထိုး တိုပါဝင်ကြတဲ့ ဇာတ်ကားလေး..လူသတ်ခါနီးကျ ဆံပင်ကိုက်ပီးမှ လူသတ်တဲ့ နဂါးမယ်လေးရဲ့ အပြုံးတွေကိုစွဲလန်းခဲ့ကြသူတွေလည်းများမှာပေါ့..အပြင်မှာမြန်မာစာတန်းထိုး လုံးဝရှာမရတော့တဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် .အညွှန်းလေးကိုခံစားကြည့်ရအောင် ဆန့်ကွမ်းယန့်ရဲ့ငယ်စဉ်ကလေးဘဝကပြောင်းလဲမှုကြီးဖြစ်ခဲ့ပြီးတော့ အဖေကလိုက်သတ်ခံရပြီး အမေကပျောက်ဆုံးသွားခဲ့ပါတယ် ဆန့်ကွမ်းယန့်ကိုတော့သိုင်းလောကမှာထူးဆန်းတဲ့အဆင့်မြင့် သိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ကူမုထျန်းကကယ်တင်ခဲ့ပါတယ်… ၁၅နှစ်ကြာပြီးနောက်အရွယ်ရောက်လာပြီဖြစ်တဲ့ဆန့်ကွမ်းယန့်က မိဘတွေအတွက်ကလဲ့စားချေဖိုလုပ်ရင်း အမေ့ကိုလိုက်ရှာရင်း သိုင်းလောကမှာကျင်လည်နေခဲ့ပါတယ်… သူ့ရဲ့လက်နက်ကတော့ ဖုန့်ရှယ်ဓားဖြစ်ပြီး သိုင်းပညာအဆင့်မြင့်မားပြီး သိုင်းလောကမှာတော့သူ့ကိုနွီစန်လုံ ( နဂါးမယ် ) လိုခေါ်ကြပါတယ်။ သိုင်းလောကမှာကွေကျန့်ချုံလိုခေါ်တဲ့စီးမာချန်ဖုန်းကတော့ အမိန့်အရနွီစန်လုံနဲ့ထိပ်တိုက်ရင်ဆိုင်ရဖိုဖြစ်လာပါတယ်…. သူ့ရဲ့လက်နက်ကတော့ နဂါးဝိဉာဉ်ဓားဖြစ်ပါတယ်… ဖုန့်ရှယ်ဓားနဲ့နဂါးဝိဉာဉ်ဓားကြားမှာဘယ်လိုဆက်နွယ်မှုမျိုးရှိနေတာလဲ… စစ်ဖန်းမြိုရဲ့နောက်ကွယ်မှာဘယ်လိုအကြံအစည်မျိုးတွေရှိနေမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါစိုနော်….