Movie Name
After My Death (2017)
Year
2017
Generes
Drama
Code
KR0449
Type
Movie
Size
1.10 GB
Country
Korea
Description
After My Death(2017) ******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီး ခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကို သိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊ တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။