-
Movie Name
-
Polly Pocket Sparkle Cove Adventure (2023)
-
Year
-
2023
-
Generes
-
Animation, Family
-
Code
-
AN0630
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
Polly Pocket Sparkle Cove Adventure (2023)
================================
IMDb Rating – 6.8/10
သာမန်လူသားတွေ မမြင်နိုင်တဲ့ Dimension တွေမှာ Pockite လို့ခေါ်တဲ့
မှော်ကျောက်မျက်မျိုးစုံ ပျံ့နှံ့တည်ရှိနေပါတယ်။ Pockite အရောင်ကွဲတွေ
တိုင်းမှာ ကိုယ်စီအစွမ်းသတ္တိတစ်မျိုးစီ ရှိကြတာပါ။ ဒီကျောက်မျက်ကို မျိုးရိုး
စဉ်ဆက် လက်ဆင့်ကမ်းအသုံးချတဲ့ Pockite ကိုင်ဆောင်သူတွေလည်း ကမ္ဘာ
အနှံ့၊ Dimension အစုံမှာ ရှိနေကြပါသေးတယ်။ Pockite တို့ပေါ်ရာမြေကို
တော့ Sparkle Cove လို့ခေါ်ပြီး Prudence Pocket ဆိုတဲ့ နယ်လှည့်ခရီး
သည်မိန်းကလေးတစ်ယောက်က Pockite ပေါင်း ၃၀၀ ကျော်ကို ရှာဖွေတွေ့
ရှိခဲ့တာပါ။ မှော်အစွမ်းမျိုးစုံနဲ့ Pockite တွေအားလုံးကို ကိုယ့်အမျိုးအတွက်ပဲ
သုံးမယ့်အစား Prudence က သူ့မျိုးဆက်တွေကို ခရမ်းရောင် Pockite တစ်
မျိုးပဲ အမွေပေးပါတယ်။
ချုံ့/ချဲ့သတ္တိရှိတဲ့ ခရမ်းရောင် Pockite လေးကို အဆင့်ဆင့်လက်ဆင့်ကမ်းလာ
ရင်း Prudence မျိုးဆက်ပီသပြီး စွန့်စားရတာကြိုက်တဲ့ Polly Pocket အလှည့်
ရောက်လာပါတော့တယ်။ ဆယ်ကျော်သက်ပီပီ ဖြစ်နိုင်ချေမှန်သမျှကို စမ်းကြည့်
ချင်မိတဲ့ Polly ကတော့ Pockite တစ်ခုတည်းနဲ့ မကျေနပ်နိုင်ဘဲ အမွေတစ်မျိုးပဲ
ချန်ခဲ့တဲ့ အဘေးတကာ့အဘေးဖြစ်သူ Prudence အကြောင်း လှန်လှောစုံစမ်းတော့
တာပါပဲ။ ဒီလိုနဲ့ Sparkle Cove ရဲ့ ဆယ်နှစ်တစ်ခါ အစောင့်အကြပ်ရာထူးလွှဲပြောင်း
ဖို့ ကျင်းပတဲ့ပြိုင်ပွဲမှာ ခရမ်းရောင် Pockite ကိုင်ဆောင်သူအနေနဲ့ Polly တစ်ယောက်
ဖိတ်ခေါ်ခြင်းခံရပါတော့တယ်။
နေရာအသစ်မှာ အခြားသော Pockite ကိုင်ဆောင်သူတွေနဲ့ အတွေ့အကြုံအသစ်
ရမှာမို့ မှော်ကျွန်းတစ်ကျွန်းရဲ့ စွန့်စားခန်းပြိုင်ပွဲထဲ Polly ဝင်ပါမိတဲ့နောက် Pockite
တွေရဲ့ တကယ့်ရည်ရွယ်ချက်ကိုနားလည်စရာ အကြောင်းဖန်လာပါတော့တယ်။
Magical adventure story ကောင်းလေးတွေ ကြိုက်တတ်သူတွေအတွက် မပျင်း
တမ်းကြည့်ရ၊ ဇာတ်ကောင်တွေနေရာကနေပါ ဝင်ရောက်ခံစားကြံစည်မိစေမယ့်
ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်း Recommend ပေးလိုပါတယ်။