-
Movie Name
-
The Pod Generation (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Sci-Fi
-
Code
-
EN3359
-
Type
-
Movie
-
Size
-
721 MB
-
Country
-
Hollywood
-
Description
-
MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း….. မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း – အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ်