-
Movie Name
-
Trauma Therapy Psychosis (2023)
-
Year
-
2023
-
Generes
-
Horror, Thriller
-
Code
-
EN3361
-
Type
-
Movie
-
Size
-
1.07 GB
-
Country
-
Hollywood
-
Description
-
Trauma Therapy: Psychosis (2023)
=========================
တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့
ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့
ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာ
ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ
အမျိုးမျိုးခံစားနေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး
တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။
တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင်
တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့
တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကုသရေးစင်တာ
က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။
ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို
အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း
ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။