Movie Name
Hustle 3 (2023)
Year
2023
Generes
Action
Code
EN3365
Type
Movie
Size
540 MB
Country
Hollywood
Description
Hustle 3 (2023) ============ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ အန်တိုနီရိုဂျက် ဖာဆန် က ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ အမေရိကန်ပြည် ထောင်စု ၊ မေရီလဲန်းပြည်နယ် ဘောလ်ဒီမိုးမြို့က တရားမဝင်ဒုစရိုက်လုပ် ငန်းတွေ ၊ လူသတ်မှုတွေ ၊ မူးယစ်ဆေးတွေ အကြောင်းကို အ​ခြေပြုပြီး ရိုက် ကူးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အာဖရိကန် – အမေရိကန် လူမျိုး အနုပညာသ ရုပ်ဆောင်တွေ အမြောက်အများ(၂၀ ဦးခန့်) ပါဝင်ထားပြီးတော့ ရိုက်ကူးထား ပါတယ်။ လူမိုက်ဂိုဏ်းတွေမှာ ဖြစ်လေ့ရှိတဲ့ ၊ အခြေအနေတွေနဲ့ သူတို့အလုပ်တွေမှာ သုံးလေရှိတဲ့ စကားတွေနဲ့ ပြောဆိုထားတာတွေ များတာကြောင့် ကနေ့ခေတ် ဗန်းစကားတွေ အမြောက်အများ ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေအမြောက် အများကိုတော့ တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ ဘောလ်ဒီမိုးမြို့ ကို မူးယစ်ဂိုဏ်းနှစ်ခုက လက်ဝါးကြီးအုပ်ထားတဲ့အခြေအနေမှာ သူတို့ဂိုဏ်း နှစ်ဂိုဏ်းက မတည့်ကြသလို၊ သူတို့ဂိုဏ်းနှစ်ခုကို အောက်ခြေမှာ ပုန်ကန်လို ကြသူတွေရှိပြန်တာကြောင့် ပြသနာပေါင်းစုံရှိနေပါတယ်။ တစ်ဘက်ကလည်း အစိုးရရဲ့ မူးယစ်နှိမ်နင်းရေးက ဝင်လာတာမို့ ဇာတ်အိမ်က ခပ်ရှုပ်ရှုပ်ဖြစ်တာ ကြောင့် ပရိတ်သတ်တွေအနေနဲ့ တွေးရင်းတောရင် ကြည့်ရှုရမှာပါ။