Movie Name
Behind Your Touch (2023)
Year
2023
Generes
Drama, Romance
Code
SKR0889
Type
Series
Size
6.87 GB
Country
Korea
Description
Behind Your Touch (2023) **************************** အပိုင်းသစ် ( ၁၆ ) ဇာတ်သိမ်းပိုင်း ဒီseriesထဲမှာတော့ ကေဒရာမာဖန်တွေသိပြီးသားဖြစ်တဲ့ မင်းသမီး ​Han Jimin မင်းသား Lee Minkiနဲ့ နှုတ်ခမ်းနီမ​လေးတို့ရဲ့အသည်းစွဲ EXOအဖွဲ့ဝင် Suhoတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အလွဲ​ပေါင်းများစွာနဲ့ ထူးဆန်းဖွယ်ရာ​တွေနဲ့ ပြည့်နှက်နေတဲ့ မူဂျင်းဆိုတဲ့​​​ကျေးလက်​တောရွာ​လေးမှာ ဘုံရယ်ဘွန်းဆိုတဲ့​ကောင်မ​လေးဟာ တိကုဆရာဝန်မ​လေးအဖြစ်လုပ်ကိုင်​နေရင်း တစ်​နေ့မှာ မ​တော်တဆတစ်ခု​ကြောင့်​ မျော​နေရာက ပြန်နိုးလာ​တဲ့အခါမှာ တိရစ္ဆာန်​တွေပါမက လူ​တွေရဲ့တင်ပါးကိုကိုင်​လိုက်တာနဲ့ အတိတ်ကိုမြင်ရတဲ့ စိတ်စွမ်းအင်ကိုရရှိလာပါတော့တယ်။ အဲ့အချိန်မှာပဲ ဆိုးလ်မြို့က​နေ ရာထူးချခံလိုက်ရတဲ့ စုံ​ထောက်​လေး မွန်းဂျန်​ယောလ်ဟာ မူဂျင်းရဲစခန်းသို့​ရောက်ရှိလာပါ​တော့တယ်။ ရုတ်တရက်​ပေါ်​ပေါက်လာတဲ့လူသတ်မှု​တွေအတွက် စုံ​ထောက်မွန်းဟာ ရယ်ဘွန်းနဲ့ပူး​ပေါင်းကာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ရပ်ကွက်ထဲကကုန်စုံဆိုင်​လေးကို ပ​ဟေဋိဆန်ဆန် လူ​ချော​လေးဂင်ဆွန်းဝူကပါ ​ပြောင်းလာပြီး အလုပ်လုပ်​နေ​သောအခါ.. အလွဲလွဲအချော်‌ချော်နဲ့ သူတို့အမှုကို ဘယ်လိုလိုက်ကြမလဲ… ရွာထဲမှာ​ရောဘယ်လိုထူးဆန်းမှု​တွေရှိ​နေတာလဲ… လူသတ်သမားကဘယ်သူလဲ… ဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရမှာဖြစ်ပါတယ်။