Movie Name
Incomparable Beauty (တုနှိုင်းမမီတဲ့ အလှတရား)(2023)
Year
2023
Generes
Drama, Romance
Code
SC0693
Type
Series
Size
13.2 GB
Country
China
Description
1-40 Completed "ချွေးအတိနဲ့ လမ်းကလေးရယ် မဝေးတော့တဲ့ ပန်းတိုင်ရယ် အမှောင်ယံနဲ့ လင်းရောင်ခြည်ကြား စည်းခြားနေတဲ့ အိပ်မက်တစ်ခု မိုးစက်တွေသွန်းဖြိုးပြီးရင် အလှဆုံးသက်တံ ပေါ်ထွန်းလာစမြဲပေမို့ တုနှိုင်းမမီတဲ့အလှတရားကို ရှုစားနိုင်ဖို့ရာ ဘဝရဲ့အဓိပ္ပာယ်ကို ပုံဖော်ရင်း လျှောက်လှမ်းနေဆဲပါပဲ....." ဒီတစ်ခါတော့ အသက် ၂၀ ၊ ၃၀၊ ၄၀ ဝန်းကျင််တို့ရဲ့အိပ်မက်၊ရည်မှန်းချက်ပန်းတိုင်၊အချစ်ရေး ၊မိသားစုအရေးနဲ့ လုပ်ငန်းခွင်ဘဝတွေကို လက်တွေ့ကျကျပေါင်းစပ်ပြီး ဇာတ်တည်ထားတဲ့ Beijing မြို့က ဇာတ်လမ်းကောင်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအညွှန်း စီးပွားရေးလုပ်ငန်း ဆုံးရှုံးပျက်စီးသွားတဲ့နောက် ချစ်သူဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုပါခံလိုက်ရတဲ့ Xu Yao၊ ဆယ်နှစ်ကျော်လောက် တစ်ကိုယ်တည်းသမားဘဝနဲ့ ခရီးဆက်နေသူ Yu Jia En၊ဆယ်ကျော်သက်အရွယ် သွက်လက်တက်ကြွသူလေး Zhang Qing၊ ကိုယ်ဝန်ဆောင်နေစဥ်မှာ ကိုယ်ဝန်ပျက်ကျတဲ့ဝေဒနာကို ခံစားနေရသူ Li Nian Huan၊ အရွယ်ရောက်လို့ ပုန်ကန်တတ်လာတဲ့ လူငယ်လေး Zhao Ang နဲ့ Hao Chen Shi တို့ရဲ့ကိုယ်စီဘဝခရီးလမ်း.... သူတို့တွေအနေနဲ့ မတူညီတဲ့ဘဝအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ပြီး ဘဝရဲ့အလှတရားကို ဘယ်လိုပြန်အဓိပ္ပာယ်သတ်မှတ်ရင်း နှုတ်ဆက်စကားဆိုကြမယ်ဆိုတာကိုတော့ SoulKingdom မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင့်