Movie Name
Miss Shetty Mr Polishetty (2023)
Year
2023
Generes
Comedy, Drama, Romance
Code
IND0900
Type
Movie
Size
1.05 GB
Country
Bollywood
Description
Miss Shetty Mr Polishetty 2023 IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ် သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ် ဒါပေမယ့်လည်း Independent ‘ဝီးမန်း’ ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ် ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ မမက သူ့ရဲ့ သုက်ပိုးကိုရဖို့ ကြံပါတော့တယ် ‘သဘောကျတယ်’ ဆိုတာက သူ့ရဲ့အမူအကျင့်စိတ်နေစိတ်ထားကို သဘောကျပြီး သုက်ပိုးအလှူရှင်အဖြစ် ထိုက်တန်တယ်လို့ ယူဆတာပါ ဒါပေမယ့် မမ ဘက်က ကောင်လေးအပေါ်မှာ sperm doner အဖြစ်သာ မြင်ပြီး ဒါကိုမသိတဲ့ ကောင်လေးကတော့ မမ ကိုသာ တန်းတန်းစွဲဖြစ်သွားပါတော့တယ် မမကို ဖွင့်ပြောတဲ့တစ်နေ့မှာတော့ ကောင်လေးတစ်ယောက် သူ့မမရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး ဘယ်လိုဆက်ဖြစ်မလဲ၊ မမ ဘယ်လောက်ထိ ရက်စက်မှာလဲ ဆိုတာကို ညီကိုတို့ အဓိက ကာရိုက်တာနေရာကနေ ဝင်ရောက် ခံစားပေးကြပါဦး