Movie Name
The Neighbors (I-Ut Saram) [2012]
Year
2012
Generes
Drama, Thriller
Code
KR0505
Type
Movie
Size
1.15 GB
Country
Korea
Description
အလွှာစုံ၊ လူမျိုးစုံ နေထိုင်တဲ့ အိမ်ရာဝန်းကြီးထဲမှာ လူသတ် မှုတွေ ဆက်တိုက်ဖြစ်လာတယ်။အသတ်ခဲ့ရတဲ့သူအများစုက မိန်းကလေးတွေ။ နောက်ဆုံးအသတ်ခံရသူ ကောင်မလေးဆို အလယ်တန်းကျောင်းသူလေး။မိုးကလည်း သည်း၊ မီးတွေက လည်း ပျက်နေတဲ့ ည ကျောင်းအပြန်မှာ အသတ်ခံခဲ့ရတာ။ လူသတ်ကောင်ဟာ ပြစ်မှုကျူးလွန်ပြီးရင် ခရီးဆောင်အိပ် Luggage ကြီးထဲမှာ အလောင်းကို ထည့်ပြီး စွန့်ပစ်တဲ့ အလေ့အထရှိတယ်။ ရဲကလည်း တရားခံကို မဖော်ထုတ်နိုင်တော့ အိမ်ရာမှာ နေတဲ့သူအားလုံး ကျီးလန့်စာစား စိုးတထိတ်ထိတ်နဲ့နေထိုင် ကြရတယ်။ကိုယ့်အခန်းနဲ့ကိုယ် တသီးတခြား နေတတ်တဲ့ အိမ်ရာတွေရဲ့ သဘာဝ တစ်ဦးအကြောင်းကို တစ်ဦးက ဂဃဏန မသိကြလေတော့ အချင်းချင်း သံသယမျက်လုံး တွေနဲ့ပဲ ကြည့်နေကြရင်း တကယ့်တရားခံဟာ ပျောက်ဆုံး နေဆဲပဲ။ စိတ္တဇဆန်တဲ့ လူသတ်ကောင်ကတော့ အရင်သတ်ပြီးခဲ့တဲ့ မိန်းကလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ နောက်ထပ်ကျောင်းသူ တစ်ဦးကို မျက်စိကျပြီး ချောင်းနေပြီ။အိမ်ရာထဲက အခန်း မှာပဲ လူသတ်မှုတွေကို ပိပိရိရိ သွေးအေးအေးနဲ့ ကျူးလွန် ခဲ့တဲ့ လူသတ်သမားကို သေသွားတဲ့ မိန်းကလေးရဲ့ မိထွေး၊ အိမ်ရာလုံခြုံရေးဝန်ထမ်း အဘိုးကြီး၊ ငွေတိုးချေးစားတဲ့ ထောင်ထွက်လူမိုက်၊ အိတ်အရောင်းဆိုင် ပိုင်ရှင် နဲ့ ပီဇာမုန့် ပို့တဲ့ ကောင်လေးတို့က သင်္ကာမကင်းဖြစ်လာပြီး သူတို့နည်း နဲ့ သူတို့ဟန် လူသတ်ကောင်ကို ဖော်ထုတ်ပုံ၊နောက်ထပ် လူသတ်မှု ထပ်မဖြစ်အောင် ကြိုးစားတားဆီးကြပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သွေးအေးပြီး ညဏ်နီညဏ်နက်များတဲ့ ကွင်းဆက်လူသတ် သမား နဲ့ သူ့ရဲ့ အိမ်နီးချင်း (စုံထောက်မဟုတ်တဲ့) သာမာန် လူတစ်စု အပြိုင်အဆိုင် ညဏ်ကစားကြတဲ့ သည်းထိတ် ရင်ဖိုဇာတ်လမ်းဖြစ်ပြီး crime thriller ရုပ်ရှင်အမျိုးအစား ရိုက်ကူးရင် ကိုယ်ပိုင်စတိုင်ရှိတဲ့ ကိုရီးယားတွေရဲ့ ထုံးစံ အတိုင်း ဇာတ်ကားအစအဆုံး စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသထားတဲ့ ၂၀၁၂ ခုနှစ်ထွက် ကားဟောင်းထဲက ကားကောင်းတစ်ကားပါ။