-
Movie Name
-
IKON ON AIR (TV Show) (2023)
-
Year
-
2023
-
Generes
-
Documentary
-
Code
-
SKR0902
-
Type
-
Movie
-
Size
-
2.61 GB
-
Country
-
Korea
-
Description
-
1-9 Completed
iKON on air (2022)
iKONICs တွေ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ “iKON On Air” Show လေးကတော့ ထွက်ရှိလာခဲ့ပါပြီ။
အဖွဲ့ဝင် ၆ ယောက်ပါဝင်တဲ့ iKON ကတော့ ဒီပရိုဂရမ်လေးမှာ
သည်းထိတ်ရင်ဖိုဖြစ်အောင်တစ်မျိုး ချစ်စရာကောင်းအောင်တစ်ဖုံနဲ့ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ရင်း
သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်တွေကို ပြသသွားမှာပါ။
အစပိုင်းမှာလည်း Red Carpet လျှောက်ဦးမှာဆိုတော့
ကလေးတွေရဲ့ မောရှီဆောနေမှုကို တွေ့ရမှာပါနော်။
ဒီအပိုင်းလေးမှာတော့ iKON တွေက ကိုယ့်ကိုယ် ရသစုံရှိုးတွေမှာ
တင်ဆက်မှုစွမ်းရည် အားနည်းတယ်လို့ တွေးတာကြောင့်
စွမ်းရည်မြင့်တက်ဖို့အတွက် ကြိုးစားသွားကြမှာပါ။
ရသစုံရှိုးတွေမှာ အဓိကလိုအပ်တဲ့ စွမ်းရည်တွေဖြစ်တဲ့ တည်ငြိမ်မှု၊ စွမ်းအင်၊
လျင်မြန်ဖျက်လတ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု စွမ်းရည်တွေကို စစ်ဆေးသွားမှာဖြစ်ပြီးတော့
တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေကို ဖော်ထုတ်ပြသွားမှာပါနော်။
အဲဒါအပြင် ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့
သူတို့ရဲ့ ပုံစံအသစ်အဆန်းတွေကိုလည်း ပြသသွားဦးမှာဖြစ်ပါတယ်။
ဒီတော့ ပရိုဂရမ်လေးမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင် ဆော့ကစားသွားမလဲဆိုတာကိုကြည့်ရင်း
iKONICs လေးတို့ ပြုံးပျော်လိုက်ကြရအောင်နော်။