-
Movie Name
-
EXchange Season2 (TV Show) (2022)
-
Year
-
2022
-
Generes
-
Documentary
-
Code
-
SKR0903
-
Type
-
Series
-
Size
-
6.31 GB
-
Country
-
Korea
-
Description
-
1-10 Completed
EXchange (2021)
အချစ်မှာ ပျော်ရွှင်ခဲ့ဖူးတာလား????
ဒါမှမဟုတ် အချစ်မှာနာကျင်ခဲ့ဖူးတာလား?????
အရင်ကဆိုင်သူကိုပဲ တမ်းတနေတုန်းလား?????
ဒါမှမဟုတ် လတ်ဆတ်တဲ့အချစ်သစ်ကို မျှော်လင့်နေမိတာလား?????
EXchange ဆိုတဲ့ ရှိုးလေးကတော့ Dating, Reality show အမျိုးအစားဖြစ်ပြီးတော့
အရိုတွေ၊ အကန်တွေ၊ အချစ်တွေ အမုန်းတွေဆိုတဲ့ ခံစားချက်မျိုးစုံကို ပေးစွမ်းသွားမယ့် ရှိုးလေးတစ်ခုပဲဖြစ်ပါတယ်။
EXchange မှာ ပါ၀င်ထားတဲ့သူတွေက တကယ်တော့ သူစိမ်းတွေမဟုတ်ပါဘူး။
ချစ်ခဲ့ကြဖူးတဲ့ ခံစားချက်တွေ နင့်နေအောင်ရှိဖူးတဲ့ အတွဲဟောင်း ၅ တွဲပဲ ဖြစ်ပါတယ်။
ဒီ ၁၀ ယောက်ဟာ တစ်မိုးအောက်မှာ အတူနေထိုင်ရင်းနဲ့
ငြိမ်သက်နေတဲ့ ခံစားချက်တွေပဲ ပြန်လည်အသက်၀င်လာပြီး
Ex နဲ့ပဲ ပြန်အဆင်ပြေသွားမလား
ဒါမှမဟုတ် ရင်ဘက်ချင်းတူတဲ့လူချင်းဖေးမရင်းနဲ့
နှလုံးသားချင်းနီးစပ်ပြီး အချစ်သစ်နဲ့ အဆင်ပြေသွားမှာလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Main Host တွေအနေနဲ့တော့
– ဟစ်ဟော့အဆိုတော် Simon D
– Girl’s Day အဖွဲ့၀င်အချောလေး Yura
– သရုပ်ဆောင်မင်းသမီး Kim Ye Won နဲ့
– ဟာသပညာရှင် အဆိုတော် Lee Yong Jin တို့က တင်ဆက်ပေးသွားမှာဖြစ်ပြီး
Guest များသွားစွာလည်း ပါ၀င်လာမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ပါ၀င်သူဆယ်ယောက်ကလည်း မှုံချောနေတဲ့ အဆင်လေးတွေ ဖြစ်တာကြောင့်
လက်မလွှတ်တမ်းကြည့်ရှုအားပေးကြပါဦးခင်ဗျာ။
စုစုပေါင်း (၁၅) ပိုင်း ပါ၀င်သွားမှာဖြစ်ပြီး
ChannelMyanmar မှ အစအဆုံးတင်ဆက်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။
သင် ဆိုရင်ရော EX ကိုရွေးမှာလား
ဒါမှမဟုတ် NEXT [(n)o (ex) (t)hank] ကို ရွေးမှာလား
အညွှန်းကိုတော့ TarTee Poe က ရေးသားပေးထားပြီးတော့
ဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ်။