-
Movie Name
-
OMG 2 (2023)
-
Year
-
2023
-
Generes
-
Comedy, Drama
-
Code
-
IND0905
-
Type
-
Movie
-
Size
-
927 MB
-
Country
-
Bollywood
-
Description
-
OMG 2 (Oh MyGod)
အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့
ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်
အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်
OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ
တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း
လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး
ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါ
အဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက
ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ဗီဗက်ကို ကျောင်းလဲထုတ် အကုန်လုံးက ဝိုင်းအပြစ်တင်ကြတဲ့အပြင်
သူ့မိသားစုရော သူရော လုပုံအလယ်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ပါတော့တယ် ဒါနဲ့ပဲသူ့အဖေကန်တီလည်း
အာသာဖြေမိတာ အပြစ်မဟုတ် လိင်ပညာပေးသေချာမလုပ်ပဲ ကျောင်းသားကိုအပြစ်တင်တဲ့
ကျောင်းနဲ့တခြားလူတွေကသာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးမှာ တရားထစွဲပါတော့တယ်
ဇာတ်လမ်းပုံစံ ဦးတည်ချက်ကပြောင်းသွားပေမဲ့
ပထမကားလိုပဲ လူ့ဘောင်လောကစံနှုန်းတွေကို မေးခွန်းထုတ်တာတွေ တရားခွင်မှာ အပြိုင်လျှောက်လဲကြတာတွေ စသဖြင့် ပထမကားထက်မလျော့တဲ့ရသတွေ ခံစားရမှပါ
ဒါ့အပြင် အရှင်သျှီဝတစ်ဖြစ်လဲ အက်ရှေးကူးမားက ဘယ်အခန်းမှာပေါ်လာပြီး ဘယ်လိုတရားပြမလဲဆိုတာ ကြည့်ရမဲ့အပြင်
ဒီတစ်ခါ တရားရင်ဆိုင်ရတဲ့ အမှုပြိုင်ရှေ့နေ့မလေးက ကိုယ်ပါပြသနာရှာပြီး အမှုဖွင့်ချင်ရလောက်အောင် ချောတာမို့
CM ပရိသတ်ကြီးအတွက် လက်မနှေးစေဖို့ အပြေးလေးတင်ဆက်ပေးလိုက်ရပါတယ်