Movie Name
Piercing Wounds (2023)
Year
2023
Generes
Action, Drama, Romance
Code
EN3393
Type
Movie
Size
886 MB
Country
Hollywood
Description
နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့မဟုတ်ဘဲ Budget ရိုက်ကူးထားတဲ့ ကားလေးတွေကိုကြည့်ဖူးကြမှာပါ။အဲ့ဒီ Budget ကားလေးတွေထဲမှာ မကောင်းဘဲနဲ့ ပေါတောတောကားတွေလည်းရှိသလို တကယ်ကောင်းတဲ့ လက်ခံပေးလို့ရတဲ့အခြေအနေတစ်ခုရှိတဲ့ကားလေးတွေလည်းရှိပါတယ်။ ဒီကားကလည်း လက်ခံလို့ရတဲ့အခြေအနေရှိတဲ့မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Andrew Jacob Brown ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးထားတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားကတော့အက်ရှင် ဒရာမာ အချစ်ကားလေးပါ။အကျဉ်းချုပ်လေးကတော့ ဗီဆိုတဲ့လူတစ်ယောက်က လုပ်ကြံရေးအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကြောင်းတစ်ခုခုနဲ့ အဖွဲ့ထဲက လူတွေအကုန်လုံးကိုသတ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူချစ်တဲ့ သူ့အဖွဲ့သားတွေကိုဆုံးရှုံးခဲ့ပြီးရတဲ့နောက်မှာ ဗီတစ်ယောက်လေလွင့်နွားကြီးလို ဖြစ်နေပြီး ပန်းခြံတစ်ခုမှာပဲနေ့တိုင်းသွားအချိန်ကုန်နေတော့ပါတယ်။ လူကလည်း လုံးဝစုတ်ပြတ်သတ်နေပြီး အိမ်ခြေရာမဲ့တစ်ယောက်လိုတောင် ဖြစ်နေပါပြီ။ဒီလိုနဲ့ အဲ့ဒီအချိန်မှာ သူ့ဘဝထဲကိုမတ်နဲ့မယ်လ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူ့ရဲ့အတိတ်ဟောင်းအစစ်အမှန်ကရောဘယ်လိုဖြစ်မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။