-
Movie Name
-
Harley Davidson And Marlboro Mann (1991)
-
Year
-
1991
-
Generes
-
Action, Crime
-
Code
-
00625
-
Type
-
Movie
-
Size
-
700 MB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းထဲမှာတော့ ၁၉၉၆ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အခု အဖိုးကြီးဖြစ်နေပြီး Ironman 2 တို့ Sin City တို့ထဲမှာ လူကြမ်းအဖြစ်သရုပ်ဆောင်နေတဲ့ မင်းသားမိုက်ကီရောက်ကီနဲ့ ဒွန်ဂျွန်ဆင်တို့ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အမြင်တော့ ဒီကားထဲမှာမိုက်ကီရောက်ကီထက်စာရင် ဒွန်ဂျွန်ဆင်ကပိုပြီးသရုပ်ဆောင် ကောင်းတယ်လို့ ထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဟာလေဒေဗစ်ဆင်ဆိုင်ကယ်ကြီးစီးပြီး ဟာလေဒေဗစ်ဆင်လိုအမည်ရတဲ့သူတစ်ယောက်ဟာ ငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ဘားဆိုင်တစ်ဆိုင်ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပြန်သွားခဲ့ပါတယ်။ လမ်းမှာ မာလ်ဘိုရိုမန်းလို့ခေါ်တဲ့ ကောင်းဘွိုင်စတိုင်နဲ့ သူငယ်ချင်းဟောင်းကို ပြန်တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်က သူတို့နဲ့နေရာဟောင်း ဘားဆိုင်ကိုပြန်အရောက်မှာတော့ သူတို့ဘားဆိုင်ကို ဘဏ်တစ်ဘဏ်ကအပိုင်စီးပြီး မိုးမျှော်တိုက်ကြီး ဆောက်ရန်ကြံရွယ်နေတာကို သိလိုက်ရပါတယ်။
အဲဒီအချိန်မှာ သူတို့က ဘဏ်ကိုဓါးမြတိုက်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဓါးမြတိုက်ခဲ့တဲ့အထုပ်တွေကပိုက်ဆံတွေမဟုတ်ပဲ ဘဏ်မန်နေဂျာက လျှို့ဝှက်ဖြန့်ဖြူးနေတဲ့ အဆင့်မြင့်မူးယစ်ဆေးဝါးတွေ ဖြစ်နေခဲ့တဲ့အတွက် ပြသနာကြုံရပါတော့တယ်။ ဘဏ်မန်နေဂျာက အဆင့်မြင့်လူသတ်သမားတွေကို စေလွှတ်ပြီးသူတို့ကို လက်စဖျောက်ဖို့ ကြိုးစားတဲ့အခါ ဟာလေဒေဗစ်ဆင်နဲ့မာလ်ဘိုရိုမန်းတို့က ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်ကြမလဲ။
သူတိုနှစ်ယောက့်ရဲ့အဓိက ရည်မှန်းချက်ကရော ဘာတွေဖြစ်မလဲဆိုတာဇာတ်လမ်းဆုံးအောင်
ကြည့်လိုက်ကြပါ။ (အပေါ်ပိုင်း ဗလာကျင်းတဲ့ အခန်းနှစ်ခန်းတော့ ပါပါတယ် ဒါပေမယ့် လိင်ခန်းတွေဘာတွေ မပါဝင်တဲ့ကားတစ်ကားပါ)
(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ကိုညီညီကျော်မြင့် ဖြစ်ပါတယ်။) @San Win Maung