-
Movie Name
-
Dragon Gate Posthouse 1 SunFlower (2018)
-
Year
-
2018
-
Generes
-
Action, Historical
-
Code
-
CN0751
-
Type
-
Movie
-
Size
-
1.06 GB
-
Country
-
China
-
Description
-
ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။
အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့
ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က
လက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကို
ပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။
ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ
ယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာ
သူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။
တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်က
အစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာ
မျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိး
စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။
မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား……
လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုကရော ဘယ်လိုဖြစ်ခဲ့တာလဲ……
ဆိုတာကို ရုပ်ရှင်လေးကြည့်ရှုပြီး အဖြေရှာလိုက်ရအောင်နော်။
ဒီကားရဲ့အဆက်ရုပ်ရှင်လေးကိုတော့ဒီမှာကြည့်လို့ရပါတယ်