-
Movie Name
-
Mr. Pregnant (2023)
-
Year
-
2023
-
Generes
-
Action, Comedy
-
Code
-
EN3407
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
Hollywood
-
Description
-
Mr.Pregnant
IMDb-8/10
အခုတစ်ခါမှာတော့ ၄ရက်အတွင်း၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့
ရုံတင်ကားအသစ်စက်စက်လေးကို
CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်
ဇာတ်လမ်းအကျဉ်း
ဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး
ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ
ဒီခေတ်စကားအရဆို crush နေတာပေါ့
မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက်
မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့
မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး
သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။
တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို
မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့
တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။
ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့
ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။
အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့
ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့
စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။
မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့
သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာတော့ သန္ဓေသားလေးကို
ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်
လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ်
ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊
ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို
ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့
ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ…