Movie Name
Hard Target (1993)
Year
1993
Generes
Action
Code
00627
Type
Movie
Size
721 MB
Country
Hollywood
Description
IMDB 5.1 ရထားတဲ့ ဒီကားဟာ တကယ်တော့ ကျွန်တော်တို့အားလုံး ရင်းနှီးပြီးသားပါ ဒီကားရဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ Scott Adkins ကိုတော့ Expendables 2 မှာ ဗီလိန်တစ်ယောက်အနေနဲ့ Robert Knepper ကိုတော့ Prison Break မှာ T-Beg အနေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ ဒါတင်မကသေးပဲ… ဒီကားက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ရိုက်ထားတဲ့ကားဆိုတာကိုတော့ FB ကျေးဇူးနဲ့ သိထားကြမှာပါ မြန်မာ-ထိုင်းနယ်စပ်မှာပေါ့ ကဲ…ဇာတ်လမ်းအကျဉ်းလေးကတော့… သွေးသံရဲရဲ အနိဠာရုံတွေကို ရွံမုန်းသွားလို့ အဲဒီကိစ္စတွေကနေ အနားယူလိုက်တဲ့ Wes The Jailor Baylor တစ်ယောက် သူ့ရဲ့နောက်ဆုံးတာဝန်ဆိုပြီး ဒေါ်လာတစ်သန်းနဲ့ ကမ်းလှမ်းတာကို မငြင်းနိုင်ခဲ့ဘူး သူကို လူသတ်မစ်ရှင်အတွက် ဆိုပြီး လာရောက်ပေးဖို့ ကမ်းလှမ်းခံခဲ့တဲ့နေရာကတော့ ကျွန်တော်တို့ရဲ့ ရွှေနိုင်ငံ… ရွှေနိုင်ငံကြီးကို ရောက်လည်းရောက်လာရော သိလိုက်ရတာကတော့ မုဆိုးကသားကောင်ဖြစ်သွားပြီဆိုတာ… လူ လူချင်းအမဲလိုက်ပြီး အဝတ်တစ်ထည် ရေတစ်ဘူးနဲ့ တောကြီး မျက်မည်းထဲမှာ တစ်ကိုယ်တည်း… နောက်ဆုံးအသက်ရှင်ကျန်တဲ့ လူကတော့ အရည်အသွေးအကောင်းဆုံးဆိုတဲ့ ကျောက်သံပတ္တမြားတွေရမယ်… ဒီ ပတ္တမြားတွေအတွက်နဲ့ လူစိတ်မရှိတော့တဲ့ လောဘသမားတွေကို Wes တစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ဖန်သားပြင်မှာပဲ ဆက်လက်ကြည့်ရှုကြရအောင် မင်းသားပဲ နိုင်မှာပါ ဆိုတာ အမြဲတမ်းမှန်ပါ့မလား… အညွန်းကိုတော့ ရဲခန့်မင်းက ရေးပေးခဲ့ပြီး ဘာသာပြန်သူကတော့ Soe Htwe နဲ. John La Yaung ပဲဖြစ်ပါတယ်