Movie Name
Distorted (2017)
Year
2017
Generes
Crime, Thriller
Code
SKR0905
Type
Series
Size
9.03 GB
Country
Korea
Description
Distorted (2017) ************* အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ‌တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်… ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်… နိုင်ငံရေးသမားတွေနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ အာဏာရှိအသိုင်းအဝန်းပဲ… ဒီလူတွေက သွားမထိရဲလောက်အောင် အင်အားကြီးကြသလို ပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်… တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိ သတင်းတစ်ခုတက်လာခဲ့တယ်…ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်က မကောင်းမှုတွေဖြစ်ပါတယ်…ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်.. သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်… အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့ အကိုဖြစ်သူသေဆုံးခြင်းက သူ့ကိုသဘောပေါက်စေခဲ့တယ်…ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်း ဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်… မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကား ဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ ပူပင်စရာမလိုပါ……