Movie Name
Destined With You (2023)
Year
2023
Generes
Drama, Romance
Code
SKR0906
Type
Series
Size
5.46 GB
Country
Korea
Description
Destined with You (2023) ************************** အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံး ဂျန်ရှင်းယူ ( Rowoon ) က​တော့ ထက်မြက်ပြီး ကြည့်လို့​ကောင်းတဲ့ ပြိုင်စံရှား ​ ရှေ့​နေတစ်​ယောက်ပါ။ ဘယ်​နေရာ​ရောက်​ရောက် ထင်​ပေါ်​နေတဲ့သူဆိုလည်း မမှားဘူး​ပေါ့။ ဒါ​ပေမဲ့ ရှင်းယူတို့ရဲ့ မိသားစုက နှစ်ပေါင်း ၃၀၀ ကျော်ကြာ ကျိန်စာသင့်နေတဲ့မိသားစုလေး။ ရှင်းယူကလည်း အဲဒီကျိန်စာ​ကြောင့် ကုလို့မရ၊ရှင်းပြလို့မရတဲ့ ​​ရောဂါတစ်ခုကို ခံစား​နေရပြီး တစ်​နေ့ပြီးတစ်​နေ့ ပိုဆိုးဝါးလာ​​တော့တယ်။အဲဒီကျိန်စာကို ” သစ်သားသေတ္တာပိုင်ရှင်” က ဖယ်ရှားပစ်နိုင်မှာမို့ သေတ္တာပိုင်ရှင်ကို လိုက်ရှာနေတော့တယ်။ အီဟုန်းဂျူ ( Jo Boah) က အလုပ်ကို အမြဲတမ်းအ​ကောင်းဆုံးကြိုးစားတဲ့ ပြည်သူဝန်ထမ်း​ကောင်မ​လေးတစ်​ယောက်ပါ။ သူမအလုပ်ကို လုပ်နေရင်းနဲ့ တစ်​နေ့မှာ သူမဆီကို သစ်သားသေတ္တာ ဟောင်းလေး ​ရောက်ရှိလာခဲ့တယ်။ အဲဒီထဲမှာ လွန်ခဲ့တဲ့ နှစ်​ပေါင်း ၃၀၀​ လောက်က ကျိန်စာ​တွေကို ဖယ်ဖျက်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်​တွေ ပါတဲ့ တားမြစ်ခံထားရတဲ့ စာအုပ်​လေး ပါလာတာကိုတော့ မသိခဲ့ဘူးပေါ့။ ရှင်းယူကလည်း သေတ္တာပိုင်ရှင်ပေါ်လာပြီမို့ သူ့မိသားစု ကျိန်စာကို ဖယ်ရှားပစ်နိုင်ဖို့ ဟုန်းဂျူနဲ့ နီးကပ်ဖို့ ကြိုးစားပါတော့တယ်။ ကျိန်စာသင့်​နေတဲ့ ​ကောင်​လေးနဲ့ ကျိန်စာ​တွေကို ဖယ်ရှားနိုင်တဲ့ လျှို့ဝှက်ချက်​​တွေကို သိတဲ့ ​ကောင်မ​လေးတို့ သူတို့နှစ်​ယောက်ကြား ဘယ်လို​တွေဆက်ဖြစ်လာမလဲ ၊ အချစ်​တွေက​ရော ဘယ်လို​တွေ ​ပေါက်ဖွားလာမလဲဆိုတာကို အတိတ်ဘဝနဲ့ ​ပေါင်းစပ်ပြီး ​ ခေတ် ၂ ခေတ်ကို ကြည့်ရှု့လို့ရမယ့် အချစ်ဇာတ်လမ်း​လေးမို့ စောင့်​မျှော်ကြည့်ရှု့အား​ပေးကြပါဦး​နော်။