-
Movie Name
-
Prema Vimanam (2023)
-
Year
-
2023
-
Generes
-
Comedy, Romance
-
Code
-
IND0911
-
Type
-
Movie
-
Size
-
1.32 GB
-
Country
-
Bollywood
-
Description
-
Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023)
IMDb – 10/10
ကျွန်တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်းတွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား
အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။
ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့
Prema Vimanamဆိုတဲ့ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းအကျဉ်း
ရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။
တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲရင်တောင် မလဲနိုင်လေတော့
ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက
လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။
ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း
သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ….
အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက်
သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့်
ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး
ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။