Movie Name
OMG Oh My God (2012)
Year
2012
Generes
Comedy, Drama
Code
IND0915
Type
Movie
Size
1.53 GB
Country
Bollywood
Description
OMG (Oh My God) 2012 ================== (1080p BLURAY Update) ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့ OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာ ဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာ ယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင် ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလား စသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ် ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲ ဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့ အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကို ဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါ တစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီး ကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ် ဘုရားကိုယ်စားလှယ်အနေနဲ့ ဘုန်းတော်ကြီးတွေက သူနဲ့အမှုပြိုင်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တရားရုံးက လျှောက်လဲခန်းများစွာ ဒိုင်ယာလော့အလန်းစားတွေနဲ့အတူ ကြည့်ရှုနိုင်ဖို့အတွက် ပရိသတ်ရှေ့မှောက် ပြန်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM bollywood team ကပဲဖြစ်ပါတယ်ခင်ဗျာ