Movie Name
Dirty Hari (2020)
Year
2020
Generes
Action
Code
IND0921
Type
Movie
Size
1.07 GB
Country
Bollywood
Description
Dirty Hari [2020] ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ "Dirty Hari" ဆိုတဲ့အိန္ဒိယကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဟာရီဟာ အမြဲတမ်းဘဝမှာအောင်မြင်ချင်ပြီးတော့ ကောင်းကောင်းမွန်မွန်နေထိုင်ချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ် ဟာရီဟာစစ်တုရင်ကလပ်ကနေပြီးတော့ အာကတ်ရှ်နဲ့ရင်းနှီးသွားခဲ့ပြီး နောက်ပိုင်းမှာ အာကတ်ရှ်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ အာကတ်ရှ်ရဲ့ ဦးလေး၊ အဒေါ်၊ညီမဝမ်းကွဲဗာဆူဒါနဲ့ပါ ခင်မင်သွားခဲ့ပါတယ် ဟာရီဟာ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ဗာဆူဒါ့ကိုသာရရင် သူ့ဘဝကြီးလုံးဝကို ပြောင်းလဲသွားမယ်ဆိုတာကို အသေအချာသိပါတယ် သူတွက်ထားတဲ့အတိုင်းလည်း ဗာဆူဒါဟာ သူ့ကိုချစ်မိသွားပြီးတော့ လက်ထပ်ဖို့အထိ ဖြစ်လာခဲ့ပါတယ် ဒါပေမယ့်ပြဿနာက ဟာရီဟာဗာဆူဒါ့ကိုချစ်တာမဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင်မော်ဒယ်မလေး ဂျက်စမင့်ကိုပဲ ခံစားချozက်ရှိနေတာပါ ဂျက်စမင်နဲ့ ဗာဆူဒါ့ကြားမှာ ဗျာများနေတဲ့ဟာရီတစ်ယောက် ဘယ်လိုပြဿနာတွေဖြစ်လာဦးမလဲ၊ ဟာရီတစ်ယောက် နောက်ဆုံးဘယ်လိုရွေးချယ်မှုကိုလုပ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်