Movie Name
Hitman-Agent 47(2015)
Year
2015
Generes
Action, Crime, Thriller
Code
00633
Type
Movie
Size
895 MB
Country
Hollywood
Description
IMDb Rating 5.7 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အေးဂျင့်47 ဟာ မျိုးဗီဇပြုပြင်ထားတဲ့ အဆင့်မြင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ သာမန်ကြေးစား လူသတ်သမားထက် ပိုမိုတဲ့ စွမ်းအင်တွေရှိပြီး သူ့ကို အလွယ်တကူ သတ်ဖြတ်လို့ မရပါဘူး။ သူ့ဦးခေါင်းနောက်စေ့မှာ သူ့ကိုယ်ပိုင်နံပတ် ၄၇ ဆိုတာပါရှိပြီး အဲဒီနေရာကို ဖျက်ဆီးပစ်နိုင်မှာသာ အေးဂျင့်47လိုမျိုးဗီဇပြင်အဆင့်မြင့် ကြေးစားလူသတ်သမားတွေကိုသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားစစချင်းမှာ အေးဂျင့်47ဟာ ကောင်မလေး တစ်ယောက်ကို ရှာဖွေပါတယ်။အဲဒီကောင်မလေးဟာ ဥရောပတိုက်ကဖြစ်ပြီးအဲဒီကောင်မလေး နောက်ကို အေးဂျင့်47လိုက်နေချိန်မှာအေးဂျင့်47 နောက်ကိုလည်း အခြားသူတွေက လိုက်နေပါတယ်။ အေးဂျင့် 47 လိုက်ရှာနေတဲ့ ကောင်မလေး ကတော့ ကတ်တီးယား ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ အဲဒီကောင်မလေးဟာ ဘေးကြုံခါနီးမှာ သူ့ဘေးကို ကြိုမြင်နိုင်တဲ့ အစွမ်းရှိပြီး အေးဂျင့် 47 သူဆီ လာနေတာကိုကြိုသိလိုက်တာနဲ့ ခြေရာဖျောက်ထွက်ပြေးပါတယ်။ အေးဂျင့်47 ကို ခြေရာဖျောက် ပြေးလာတဲ့ ကတ်တီးယား မြေအောက် ဘူတာရုံ အရောက်မှာ ဂျွန်စမစ်ဆိုတဲ့ လူတစ်ယောက် သူ့ဆီ ချည်းကပ်လာပြီး စကားပြောဖို့ ကြိုးစားချိန်မှာ မြေအောက် ဘူတာရုံထဲ အေးဂျင့် ၄၇ ရောက်လာပြီး လုပ်ကြံ သတ်ဖြတ်တဲ့ အတွက် သူတို့နှစ်ယောက် ထွက်ပြေးရပါတယ်။ စမစ်ဟာ ကတ်တီးယားကို တမင် အဖမ်းခံရအောင် လုပ်ပြီး အမေရိကန်သံရုံးထဲဆီ ခေါ်သွားပါတယ်။ အမှန်တော့ အေးဂျင့် ၄၇ လက်က လွတ်အောင် အမေရိကန် သံရုံးထဲ ရောက်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သံရုံးထဲ ရောက်ရင် အေးဂျင့် ၄၇ လက်ထဲက လွတ်သွားမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဖခင်ကို တွေ့ဖို့လိုက်ရှာနေတဲ့ ကတ်တီးယား တစ်ယောက် အခက်အခဲအန္တရာယ်တွေရင်ဆိုင်ရင်း အေးဂျင့် 47 နဲ့ အတူ ထွက်ပြေးလွတ်မြောက်ခဲ့ပုံ၊ အေးဂျင့် 47 နဲ့အတူ စွန့်စားခဲ့ပုံများကို ရင်သပ်ရှုမောဖွယ်ရာခံစားနိုင်ဖို့ Movie ကိုသာ ကြည့်ကြပါကုန်။ ဒီဇာတ်ကားဟာ နာမည်ကျော် ဗီဒီယိုဂိမ်း “Hitman” အတွဲလိုက်ကို ရုပ်ရှင်အဖြစ် အသက် သွင်းထားတာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်လည်း ထွက်ရှိခဲ့ဖူးပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် အလက်ဇန်းဒါးဘတ်ရှ်က ဆောင်ရွက် ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းကိုတော့ စကစ်ဝုဒ် ရေးသားခဲ့တာ ဖြစ်ပါတယ်။ (ဇာတ်ကားအညွှန်းကိုThe Messenger မှ ကူးယူဖော်ပြထားပါတယ်။ ဇာတ်လမ်းကိုဘာသာပြန်ပေးသူ ကတော့ Ye Kyaw Htet ဖြစ်ပါတယ်။)