-
Movie Name
-
Hidayah (2023)
-
Year
-
2023
-
Generes
-
Horror
-
Code
-
OT0132
-
Type
-
Movie
-
Size
-
512 MB
-
Country
-
Others
-
Description
-
Hidayah (2023)
ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ
ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။
အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဘာရီဆိုတဲ့ကောင်လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ
ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။
ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။
မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။
တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့
ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါ
ရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။
ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။
ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက်
သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။