Movie Name
Doctor Detective (ရင်ခုန်သံစုံထောက်) (2023)
Year
2023
Generes
Drama, Romance
Code
ST0828
Type
Series
Size
9.67 GB
Country
Thai
Description
Doctor Detective / အထောက်တော် ဆရာဝန် (2023) 1-18 Completed ခွန်ခေါင် အဖြစ် Nadech Kugimiya ကျိန်ကျီရာ အဖြစ် Kimmy Kimberly ထီထတ် အဖြစ် Alex Rendell မင်တရာ အဖြစ် Namwhan Phulita ဇာတ်လမ်းအကျဥ်း ၂၀၀၀ ခုနှစ်အတွင်း GMP ဆေးသုတေသနဓာတ်ခွဲခန်းကြောင့် ရွာသားတွေ အဆိပ်မိမှုဖြစ်ပွားခဲ့တာမို့ ကူးစက်ရောဂါအထူးကုဒေါက်တာက အမိန့်စာနဲ့ ဓာတ်ခွဲခန်းကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ် ဒီအချိန်မှာပဲ ဓာတ်ခွဲခန်းပေါက်ကွဲခဲ့ပြီး အထူးကုရော သူရဲ့ဇနီးဖြစ်သူ သုတေသနဆရာဝန်ပါမီးလောင်မှုမှာသေဆုံးခဲ့ရတယ် နှစ်၂၀ ကျော်ကြာပြီးနောက် ဆရာဝန်နှစ်ဦးရဲ့သားဖြစ်သူ ခွန်ခေါင်ဟာ အဖေဖြစ်သူလို ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံတွေမှာကူးစက်နေတဲ့ အီဘိုလာရောဂါကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တယ် ကျိန်ကျီရာကတော့ နာမည်ကြီးသတင်းထောက်ပျိုလေးဖြစ်ပြီး ဒေါက်တာခွန်ခေါင့်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်တာဗျူးချင်နေတဲ့သူတစ်ယောက်ပေါ့ လက္ခဏာဆန်းတွေနဲ့သေဆုံးသူတွေ နောက်ထပ်ရှိလာချိန်မှာတော့ ဒေါက်တာခွန်ခေါင်ဟာ နောက်ကွယ်ကအကြောင်းအရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ် သတင်းလိုချင်နေတဲ့ ကျိန်ကျီရာကလည်း ခွန်ခေါင်နောက်လိုက်ခဲ့ရင်း သူတို့နှစ်ယောက် ဒီဖြစ်ရပ်တွေနောက်မှာ ဘာအန္တရာယ်တွေရင်ဆိုင်လာရမလဲ ရောဂါဆန်းရှာဖွေရေးခရီးစဥ်မှာ နှလုံးသားရေးရာလေးတွေ ပါဝင်လာချိန်မှာတော့ ကျိန်ကျီရာ ၊ခွန်ခေါင်၊ မင်တရာ၊ ထီထတ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ ရောဂါတွေရဲ့အကြောင်းအရင်းကိုရော ရှာနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ် အညွှန်းကိုတော့ Nue Nue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nue Nue, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။