-
Movie Name
-
Red Sandal Wood (2023)
-
Year
-
2023
-
Generes
-
Action, Thriller
-
Code
-
IND0928
-
Type
-
Movie
-
Size
-
637 MB
-
Country
-
Bollywood
-
Description
-
Red Sandal Wood (2023) #သစ်ခိုးဇာတ်ကားသစ်ကြီး
================================
#IMDb - 9.0/10 #အရမ်းကြည့်ကောင်းမါပါ
2021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။
ဇာတ်လမ်းအကျဉ်း
အန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမလောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။
ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် အစိုးရအလုပ်ကိုသာ လုပ်စေချင်တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဦးလေးဆီကို ပို့လိုက်ရာကနေ စန္ဒကူးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မိတဲ့အခါ...
ဒီအချိန်မှာ ကာရုနာရဲ့အဖေကလည်း မတော်တဆဖြစ်ပြီး သတိလစ်နေတာတောင် သားချစ်တဲ့အဖေပီပီ သားကိုပဲ တမ်းတရေရွတ်နေတဲ့အပြင် အဖေစိတ်နဲ့ အမေကပါ အိပ်ရာထဲလဲနေတော့ ကာရုနာကိုရှာပေးဖို့ သူ့ညီမက ပရာဘာကို တောင်းဆိုပါတော့တယ်။ ဒီတော့ ပရာဘာတစ်ယောက် ကာရုနာကိုရှာဖို့ထွက်လာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။