Movie Name
La Brea (S1+S2) (2023)
Year
2023
Generes
Drama, Sci-Fi
Code
SE0360
Type
Series
Size
10.1 GB
Country
Hollywood
Description
S1(1-10),S2 (1-14)အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက် မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။ မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် အယ်လ်အေမြို့ပေါ်မှာ တွင်းပေါက်ကြီးတစ်ခု ဖြစ်ကျန်နေခဲ့ပြီး ထိုတွင်းပေါက်ထဲကနေ ကြီးမားလှတဲ့ ငှက်တချို့ပျံတက်လာခဲ့တာကြောင့် လူတွေက အံ့သြတကြီးဖြစ်ခဲ့ရပါသေးတယ်။ ထိုအခိုက်မှာပဲ တွင်းပေါက်ထဲကို ပြုတ်ကျလာခဲ့တဲ့ အိဗ် ဟားရစ်ဟာ အလင်းတန်းတစ်ခုဆီကို ဖြတ်သန်းတိုးဝင်သွားခဲ့ပြီး တောတွင်းနေရာတစ်ခုမှာ နိုးလာခဲ့ပါတယ်။ သားဖြစ်သူကို ဂျော့ရှ်ကို လိုက်ရှာရင်း သာယာလှပတဲ့ရှုခင်းတွေကိုကျော်ဖြတ်ပြီး တောတွင်း လေဟာပြင်တစ်ခုကို ရောက်သွားတဲ့ အိဗ်ဟာ ထိုနေရာမှာ သူမနဲ့နည်းတူ ပြုတ်ကျလာတဲ့ လူတွေ ၊ ကားတွေ ၊ အပျက်အဆီးတွေကို မြင်လိုက်ရပါတော့တယ်။ အိဗ်ဟာ ဘယ်နေရာကို ရောက်သွားတာများလဲ။ ဘာတွေကြုံရလိမ့်ဦးမလဲ..။ အယ်လ်အေမှာကျန်နေခဲ့တဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ လေတပ်အရာရှိဟောင်း ဂေဗင် ဟားရစ်ရဲ့ တကယ်မရှိတဲ့အရာတွေကို မြင်ယောင်နေရတဲ့အကြောင်းအရင်းကရော ဘာများဖြစ်လိမ့်မလဲ။ တစ်ချိန်တည်းမှာပဲ တောတွင်းမှာ ရှင်သန်ဖို့ကြိုးစားနေရတဲ့ အိဗ်နဲ့ လူတစ်စုတို့ မျိုးသုဉ်းသွားပြီဖြစ်တဲ့ အစွယ်ရှည်ကျားတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါ….။ လာဘရီယာတွင်းပေါက်နဲ့ အလင်းတန်းတို့ရဲ့ မတူညီတဲ့ကာလ ပဟေဠိတွေကို အဖြေရှာနိုင်ဖို့အတွက် Channel Myanmar မှ ဒီစီးရီးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။ စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ဟာဆိုရင် အပိုင်း ၁၄ ပိုင်း ထွက်ရှိမယ်လို့ ကြေညာထားပြီး လောလောဆယ် ၇ ပိုင်းသာ ထုတ်လွှင့်ထားပါသေးတယ်။ La Brea ဇာတ်လမ်းတွဲတစ်ခုလုံးကို ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာပါဗျ…။